အောက်ဆီဂျင်များ အခမဲ့ပေးဝေနေတဲ့အပြင် တန်းစီစောင့်ဆိုင်းနေရတဲ့ သူတွေအတွက်လည်း စားသောက်စရာတွေ ပေးဝေလှူဒါန်းပေးခဲ့တဲ့ ပြည်သူများ

//s9.kh1.co/69/692f63ec2b8610480ad97cf9e0eaaaec642c04e0.jpg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ယခုတစ်ခါဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ ကူးစက်မှုတွေမြင့်တက်လာတာနဲ့ အမျှအောက်ဆီဂျင်မရရှိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်များရဖို့အရေး နေပူမိုးရွာနေတဲ့ ကြားကနေ တစ်နေကုန်တစ်နေခန်း စက်ရုံအရှေ့တွေမှာ အလုအယက် တန်းစီစောင့်ဆိုင်းနေရတာတွေကို လတ်တလောမှာ အများအပြား တွေ့မြင်နေရပါတယ်။ ဒီလိုခက်ခက်ခဲခဲတွေ့နဲ့ အောက်ဆီဂျင်များ တန်းစီစောင့်ဆိုင်းနေရတဲ့ သူတွေအတွက်လည်း သဒ္ဓါတရားထက်သန်တဲ့ စေတနာရှင်တွေက စားသောက်စရာလေးတွေကို တတ်နိုင်သလောက် လှူဒါန်းပေးလာခဲ့ကြပါတယ်။

Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)
Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)
Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)
Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)

ယခုမှာလည်း စေတနာရှင်ပြည်သူတွေရဲ့ ကြည်နူးစရာအလှူလေးတစ်ခုကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့တာ တွေ့မြင်ရပါတယ်။ ဒီအလှူလေးကတော့ မန္တလေးမြို့က "မင်းကွန်းသားလေး" အောက်ဆီဂျင် အခမဲ့ပေးဝေတဲ့စင်တာရဲ့ အလှူလေးပဲဖြစ်ပါတယ်။ "မင်းကွန်းသားလေး"အောက်ဆီဂျင်စင်တာက လိုအပ်နေတဲ့သူတွေကို အခမဲ့အောက်ဆီဂျင်များ ဖြည့်ပေးနေသလို စေတနာရှင်များက တန်းစီစောင့်ဆိုင်းနေရတဲ့ သူတွေအတွက်လည်း အာဟာရဒါနအနေနဲ့ နေ့လည်စာထမင်းလည်း ကျွေးမွေးလှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)
Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)
Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)
Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)

ဒါ့အပြင် ကျန်းမာရေးသုံး Mask များ၊ အအေးဗူး၊ ကြက်ဥ၊ နာနတ်သီးနဲ့ သံပုရာသီးများကို တတ်နိုင်သလောက် ပေးဝေလှူဒါန်းပေးခဲ့တာလည်း တွေ့မြင်ရပါတယ်။ အဆိုပါ စင်တာမှာတော့ အရေးပေါ်လိုအပ်နေတဲ့ အောက်ဆီဂျင်များကို ၂၄ နာရီ လုံလုံလောက်လောက် အခမဲ့ပေးဝေနေတယ်လို့လည်း ကြားသိရပါတယ်။ ယခုလို အောက်ဆီဂျင်များ အခမဲ့ပေးခဲ့သလို စားသောက်စရာတွေပါ လှူဒါန်းပေးခဲ့ကြတဲ့ စေတနာရှင်များကိုလည်း ပြည်သူများက လေးစားဂုဏ်ယူပြီး ဆုတောင်းပေးကြတာ တွေ့မြင်ရပါတယ်။ ဒီလိုကြည်နူးစရာကောင်းတဲ့ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေမြင်တွေ့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)
Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)
Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)
Photo Credit -ဇော်ထွန်း(မင်းကွန်းသားလေး)

သတင်း အရင်းအမြစ်Source - ဇော်ထွန်း(မင်းကွန်းသားလေး)

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T