လုပ်ငန်းသုံးဂတ်စ်အိုးတွေကို ဆေးပြီး အောက်ဆီဂျင်အိုးလို့ လိမ်ရောင်းတဲ့မသမာသူတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ လူနာတစ်ဦးရဲ့ဗီဒီယို

//s9.kh1.co/cb/cbf6a2789378be7a7cac0c6d24cac71331cf77a1.jpeg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိကျန်းမာရေးအခြေအနေတွေမှာ ဆရာဝန်နဲ့ ဆေးဝါးမလုံလောက်တွေအပြင် ဆေးရုံတင် လက်ခံကုသမှုမရှိတာတွေကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးနေကြရတာဟာ တကယ်ကို ရင်နာစရာကောင်းလွန်းပါတယ်..။

အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရပြီး ပြည်သူတွေဟာ အချင်းချင်းဖေးမကူညီတာတွေ ရှိနေပေမယ့် အောက်ဆီဂျင်အိုးတွေကို လိမ်ညာရောင်းချတဲ့ မသမာသူတွေကိုလည်း တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

လုပ်ငန်းသုံးဂတ်စ်အိုးတွေကို ဆေးပြီး အောက်ဆီဂျင်အိုးလို့ လိမ်ရောင်းတဲ့မသမာသူတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ဝေဒနာရှင်လူနာတွေမှာ တချို့ဟာ မသေသင့်ဘဲ သေဆုံးခဲ့ကြရတာပါ..။

အခုလည်း လုပ်ငန်းသုံးဂတ်စ်အိုးတွေကို အသုံးပြုခဲ့မိတဲ့ လူနာအမျိုးသမီးတစ်ယောက်ဟာ အာဂွန်လေနဲ့ အောက်ဆီဂျင်လေနှစ်ခုပေါင်း ရှုမိတာကြောင့် ခန္ဓာကိုယ်မှာ အက်ဆစ်လိုမျိုးတွေ ထွက်နေခဲ့တာ တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အဆိုပါ အကြောင်းအရာကိုတော့ လူနာရှင်မိသားစုတွေက အခြားလူတွေ သတိထားလို့ရအောင် ဗီဒီယိုဖိုင်လေးနဲ့အတူ အသိပေးဝေမျှထားတာ ဖြစ်ပါတယ်..။

အခုလို ပြည်သူတွေအသက်ဘေးအန္တရာယ်တွေ ရင်ဆိုင်နေရတဲ့အချိန်မှာ ကိုယ့်အကျိုးစီးပွားအတွက် လူ့အသက်တွေကိုစတေးနေတဲ့ မသမာမှုလုပ်ရပ်တွေကို မပြုလုပ်ကြဖို့ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T