လူသက်တမ်းမှာ အသက်အရှည်ဆုံး ၂၅၆နှစ်ထိနေထိုင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်း

//s9.kh1.co/b6/b63d2457a4e090cb470a22ddc1e79067931b2fc6.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်နိုင်ငံမှာ Li Chinf-yuen လို့ခေါ်တဲ့ အသက်အရမ်းရှည်တဲ့ လူတစ်ယောက်ရှိခဲ့ပါတယ်။ Li Chinf-yuen ကိုတော့ ၁၆၇၇ ခုနှစ်က တရုတ်နိုင်ငံဆီချန်ခရိုင်၊ကျုဂျီယန်ဇီအန် ပြည်နယ် မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ Li ဟာ အသက်ဆယ်နှစ်လောက်ထဲက ဆေးဖက်ဝင်တဲ့ သစ်ဥသစ်ဖုတွေ ရှာဖွေတဲ့အလုပ်ကိုလုပ်ခဲ့ပြီး သူဟာ ဂန်ဇူးဒေသ၊တိဘက်နိုင်ငံ၊ဗီယက်နမ်၊ထိုင်း၊ရုရှားနယ်စပ်တို့မှာ သွားရောက်ရှာဖွေခဲ့ပါတယ်။ Li ဟာ သူ့ရဲ့အချိန်တော်တော်များများကို သစ်ဥသစ်ဖု ရှာဖွေတဲ့နေရာမှာပဲ အသုံးချခဲ့တာကြောင့် အများအားဖြင့် ဆန်အရက်နဲ့ သစ်ဥသစ်ဖုတွေကိုသာ မှီဝဲခဲ့ပါတယ်။

https://s9.kh1.co/__image/w=525,h=600,q=100/1b/1beb5023ac1844b1318b51a7d90b3c3cbf03fb50.jpg

ဒီလိုနဲ့ Li ဟာသစ်ဥသစ်ဖုတွေကပေးတဲ့ ဓာတ်တွေနဲ့ အမြဲပြိုမြစ်နုနယ်နေခဲ့ပြီး အသက် ၇၂ နှစ်အရွယ် ၁၇၄၉ နှစ်အရောက်မှာ ပြည်သူ့စစ်တပ်ထဲမှာ ကိုယ်ခံပညာဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ Li ဟာ ဒီအလုပ်ကို 6 နှစ်လောက်လုပ်ပီး သူ့ရဲ့အသက် ၇၈ နှစ်အရောက်မှာတော့ အငြိမ်းစားယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Li ဟာ နှစ်ပေါင်း ၁၀၀ ကျော်လောက်အထိ ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေကိုသာ ရှာဖွေပြီးနေထိုင်ခဲ့ပါတယ်။ Li ရဲ့ပုံစံကတော့ အနီရောင်သမ်းတဲ့အသားအရေ ၊ ၇ ပေလောက်ရှိတဲ့အရပ်နဲ့ ထောင်ထောင်မောင်းမောင်း လူကြီးတစ်ယောက်လိုပါပဲ။

https://s9.kh1.co/__image/w=236,h=366,q=100/a3/a39f461eb1554df8bd62d50baa94d66960fffb73.jpg

Li ဟာ ၁၉၃၃ ခုနှစ်အရောက်မှာတော့ လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့ပြီး မသေခင်မှာ ဇနီးပေါင်း ၂၄ ယောက်ကိုလက်ထက်ခဲ့ပြီး သားသမီး ၂၀၀ ကျော်နဲ့မျိုးဆက် ၁၁ ဆက်ရှိခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ နောက်ဆုံးဇနီးက အသက်(၆၀) ရှိနေခဲ့ပါပြီ။ သူ့ရဲ့အသက်ရှည်မှုနဲ့ ပတ်သတ်ပြီး Li ပြောခဲ့တာကတော့ “တိတ်ဆိတ်ငြိမ်သက်တဲ့ နှလုံးသားနဲ့အသက်ရှင်ပါ။လိပ်တစ်ကောင်လိုနေထိုင်ပါ။ပင်ဂွင်းဌက်လို လမ်းလျှောက်ပါ။” ဆိုပြီးပဲဖြစ်ပါတယ်။ ၁၉၈၂ နှစ်မှာ ယူကူတက္ကသိုလ် ပါမောက္ခကြီးက Li ရဲ့အသက်ရှည်မှုကို သံသယဖြစ်ခဲ့သလို တရုတ်အစိုးရပေးအပ်ထားတဲ့ အသက် ၁၅၀ ပြည့်နဲ့အသက် (၂၀၀) ပြည့် ဂုဏ်ပြုသဝဏ်လွှာကို တွေ့မှသာ အံဩယုံကြည်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=714,q=100/5f/5f35fc9004bf0f3460cef3e110e68dc78a2dbcbd.png

၁၉ ရာစုကတက်လာတဲ့ သတင်းတွေထဲက Li ရဲ့အိမ်နီးချင်း အဘိုးအိုတစ်ယောက်ဟာဆိုရင်လည်း “ရုပ်ရည်အတိုင်းအကဲခတ်မယ်ဆိုရင် ကျွန်တော်နဲ့သူက ရွယ်တူလို့ ထင်ရတာပေါ့ဗျာ၊ တကယ်တော့ မဟုတ်ဖူးဗျ။ကျွန်တော့်အဖိုးအဖွားတွေ အိုးပုတ်လေးတွေနဲ့ကစားနေတဲ့အချိန်မှာတောင် သူကလူကြီးတစ်ယောက်ဖြစ်နေပြီ။သူအသက်က ၂၀၀ ကျော်နေပြီမယုံမရှိနဲ့” လို့ပြောထားတာကိုတွေ့ရပါတယ်။ Li ဟာ သူသေဆုံးခဲ့ချိန်မှာ အသက် ၂၅၆ နှစ်ရှိနေပြီဖြစ်ပြီး ဒီလောက်အသက်ရှည်တဲ့လူကြီးတစ်ယောက်ရှိခဲ့တယ်ဆိုတာ သက်သေအထောက်အထားတွေသာ အတိအကျမရှိရင် ယုံကြည်နိုင်စရာမရှိပါဘူး။

https://s9.kh1.co/__image/w=523,h=473,q=100/02/02429c3460d2c1e47b92b5e681de3cd01f7be72b.jpg

သတင်း အရင်းအမြစ်Did you know

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T