မျက်စိမမြင်၊နားမကြားတော့တဲ့ စစ်ဘေးရှောင်အဘွားအိုတစ်ဦးကို အခက်အခဲတွေကြားကနေ ကူညီပေးခဲ့တဲ့ လူငယ်နှစ်ယောက်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/0c/0c388dc1eefd91ff260cd013763ea263bb9e335e.jpg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

မျက်စိမမြင်၊နားမကြားတော့တဲ့ စစ်ဘေးရှောင်အဘွားအိုတစ်ဦးကို အခက်အခဲတွေကြားကနေ ကူညီပေးခဲ့တဲ့ လူငယ်နှစ်ယောက်ရဲ့ဗီဒီယိုဖိုင်

ကယားပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အခုချိန်အထိတိုင်အောင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ အများအပြားရှိနေဆဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၈) ရက်နေ့ကလည်း ကယားပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ နန်းဖဲကျေးရွာအနီးမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့နဲ့ KNA၊ KNDF တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ ဒီတိုက်ပွဲကြောင့် နန်းဖဲကျေးရွာနဲ့ ကလိလျားရွာတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေခမျာ တောထဲတောင်ထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလည်း ဖြစ်ပါတယ် ။

Photo Credit-Naw Ka Paw Htoo's FB Acc
Photo Credit-Naw Ka Paw Htoo's FB Acc
Photo Credit-Naw Ka Paw Htoo's FB Acc
Photo Credit-Naw Ka Paw Htoo's FB Acc

အသက်လုပြီး စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေထဲမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ အခုလည်း စစ်ဘေးရှောင်ပြည်သူတစ်ဦးက တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲသွားလာရတဲ့ အခြေအနေတွေကို ဗီဒီယိုရိုက်ပြီး မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဗီဒီယိုထဲမှာတော့ လူငယ်နှစ်ယောက်က မျက်စိမမြင်၊နားမကြားတော့တဲ့ အဘွားအိုတစ်ဦးကိုထမ်းပြီး နီးစပ်ရာတဲကို ပို့ပေးနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Naw Ka Paw Htoo's FB Acc
Photo Credit-Naw Ka Paw Htoo's FB Acc
Photo Credit-Naw Ka Paw Htoo's FB Acc
Photo Credit-Naw Ka Paw Htoo's FB Acc

အဲ့ဒီလူငယ်လေးတွေက ကြမ်းတမ်းတဲ့တောလမ်းခရီးတွေကို ဖြတ်ကျော်ပြီး အဘွားအိုကို ဘေးကင်းတဲ့နေရာဆီ ရွှေ့ပြောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒုက္ခရောက်နေချိန်မှာ ပြည်သူအချင်းချင်း ရိုင်းပင်းကူညီတတ်ကြတဲ့ ဒီလူငယ်တွေရဲ့လုပ်ရပ်ကလည်း လေးစားချီးကျူးချင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ မျက်စိမမြင်၊နားမကြားတော့တဲ့ စစ်ဘေးရှောင်အဘွားအိုတစ်ဦးကိုထမ်းပြီး ကူညီခဲ့တဲ့ လူငယ်လေးတွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Naw Ka Paw Htoo's FB Acc

Photo Credit-Naw Ka Paw Htoo's FB Acc
Photo Credit-Naw Ka Paw Htoo's FB Acc
Photo Credit-Naw Ka Paw Htoo's FB Acc
Photo Credit-Naw Ka Paw Htoo's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T