မိခင်ဖြစ်သူက အောက်ဆီဂျင်အရမ်းကျနေပေမယ့် ကလေးတွေပဲရှိတာကြောင့် အလံအဖြူရော အဝါပါထောင်ထားရတဲ့ ရင်နာစရာဖြစ်ရပ်လေး

//s9.kh1.co/76/768de2a81475522f41d25d11e33c8f12686f9f24.jpeg
နေ့စဉ်သတင်းများ

 ၂၁-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

နိုင်ငံရေးမတည်ငြိမ်မှုတွေအပြင် Covid 19 ကပ်ရောဂါကြောင့် ဒီကနေ့အချိန်ထိ ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ပူပင်သောကတွေကတော့ ရင်နာစရာကောင်းသလို ယူကြုံးမရဖြစ်စရာတွေလည်း အများအပြားပါပဲ..။

ထိရောက်တဲ့ ကုသမှုတွေခံယူနိုင်ခဲ့ရင် ကျန်းမာရေးပြန်လည် ကောင်းမွန်လာမယ့်ပြည်သူတွေဟာ အောက်ဆီဂျင်နဲ့ ဆေးဝါးကုသမှု မလုံလောက်တာတွေကြောင့် တော်တော်များများ သေဆုံးနေကြရတာ ဖြစ်ပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

ပတ်ဝန်းကျင်နဲ့ ပြည်သူတွေရဲ့ အကူအညီတွေ လိုအပ်လာတဲ့အခါတွေမှာ နေအိမ်ရှေ့ကနေ အလံထောင်ကာ အကူအညီတောင်းခံတာတွေကို ပြည်သူတွေက အချင်းချင်းဖေးမကူညီနေကြပြီး အစားအစာနဲ့ ဆေးဝါးပို့ဆောင်ပေးနေကြတာလည်း ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း လှိုင်မြို့နယ် (၂)ရပ်ကွက်၊ ချောင်းဝဘက်မှ အိမ်တစ်အိမ်မှာ မိခင်ဖြစ်သူက ကိုဗစ်ရောဂါကူးစက်ခံရပြီး အောက်ဆီဂျင်အရမ်းကျနေပေမယ့် ကလေးတွေပဲရှိတာကြောင့် အလံအဖြူရော အဝါပါထောင်ထားတာ တွေ့ရပါတယ်..။

Photo Credit - Original Uploader
Photo Credit - Original Uploader

အမေဖြစ်သူက အောက်ဆီဂျင်ကျကာ အောက်ဆီဂျင်အိုးလိုအပ်နေပြီး ကလေးနှစ်ယောက်ကလည်း ငယ်သေးတာကြောင့် မလုပ်တတ်မကိုင်တတ်ဘဲ အခက်အခဲဖြစ်နေတာ ဖြစ်ပါတယ်..။

အောက်ဆီဂျင်နဲ့ ဆေးဝါးတွေအပြင် စားရေးသောက်ရေးတွေပါ အဆင်မပြေ အခက်အခဲဖြစ်နေတာကြောင့် နီးစပ်ရာပြည်သူတွေက အချင်းချင်း ဖေးမကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T