ရန်ကုန်မြို့တွင် ကိုဗစ်ရောဂါကပ်ဆိုးကြီးကြောင့် နေ့စဉ်နှင့်အမျှ လူတွေ သေဆုံးနေကြရတာ ဖြစ်ပါတယ်။ အများစုမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်  သေဆုံးနေကြရတာ ဖြစ်ပြီး အထူးသဖြင့် အသက်အရွယ်ကြီးတဲ့ လူကြီးတွေဟာ ဒီရောဂါရဲ့ ဒဏ်ကို ခံနိုင်ရည် သိပ်မရှိကြပါပဲ ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ်။ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများမှ ပရဟိတသူရဲကောင်းများကလည်း ကွယ်လွန်သွားကြသူတွေရဲ့ ရုပ်ကလာပ်များကို သုဿာန်များသို့ PPE ဝတ်စုံများတစ်နေကုန်ဝတ်ဆင်ပြီး ပို့ဆောင်ပေးနေကြရတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 

မနေ့ညက စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ လူမှုကွန်ယက်တွင် သူသယ်ဆောင်လာတဲ့ dead body တစ်ခုမှ တွေ့ကြုံခဲ့ရတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကို ပြန်လည်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ သူကိုယ်တိုင် ရေဝေးသုသာန်သို့ သယ်ဆောင်လာတဲ့ အဘိုးအိုတစ်ဦးရဲ့ရုပ်အလောင်းဟာတခြားသူတွေနဲ့မတူဘဲ လက်သုံးချောင်း ထောင်နေတဲ့ အနေအထားဖြစ်နေပါတယ်။ မြှောက်ထားတဲ့လက်ကို နည်းမျိုးစုံနဲ့ အောက်ကိုချပေမယ့်လည်း လုပ်လို့မရကြောင်းကိုလည်းရေးသားထားပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 

​ဒီဖြစ်ရပ်ကို မျက်မြင်ကိုယ်တွေ့   ကြုံတွေ့ခဲ့ရတဲ့ စေတနာ့ဝန်ထမ်းကလည်း " ဒီက​နေ့ ကျွန်တော်ကိုယ်တိုင် ​ရေ​ဝေးသုသာန် သို့ သယ်ယူပို့​ဆောင်​ပေးခဲ့တဲ့ ရုပ်အ​လောင်း တစ်ခု... အဘရယ် စိတ်ဓါတ်က​တော့​လေးစားစရာပဲ🙏🏻🙏🏻🙏🏻ကောင်းရာသုဂတိလားပါ​စေ..🙏🏻🙏🏻🙏🏻🙏🏻🙏🏻" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပို့စ်အောက်တွင်လည်း ကွယ်လွန်သူအဘိုးဟာ တရားမှတ်နေရင်းနဲ့ သေဆုံးသွားတာ ဖြစ်မယ်လို့လည်း မှတ်ချက်ပေး ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။ ပရိသတ်တွေလည်း သိရှိကြစေဖို့ ဒီသတင်းအပြည့်အစုံကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။