ကမ္ဘာပေါ်မှာရှိတဲ့ ထူးထူးဆန်းဆန်း အပင်တွေများစွာထဲမှာမှ ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင် ခရားပန်းလေးတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီခရားပန်းလေးတွေရဲ့ ပုံပန်းသဏ္ဍန်ဟာ ကရားတစ်ခုနဲ့ တော်တော်လေးကို တူပြီးလှပပေမယ့် ဒီပန်းလေးတွေဟာ တကယ့်တော့ ကြောက်စရာကောင်းတဲ့ ပန်းတွေပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ ဒီခရားပန်းလေးတွေဟာ အခြားပန်းတွေနဲ့မတူပဲ အသားစားတဲ့ ပန်းဖြစ်နေတာကြောင့်ပါပဲ။
ဒီခရားပန်းလေးတွေရဲ့ အတွင်းပိုင်းက အချိုအရသာရှိတဲ့အရည်တွေဟာ အင်းဆက်တွေအတွက် အကြိုက်တွေ့စရာတစ်ခုဖြစ်ပြီး ဒီအရည်တွေကို ဝင်ပီးစားသောက်တဲ့ အင်းဆက်မှန်သမျှကလည်း အသက်မရှင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ခရားပန်းတွေဟာ သူတို့ရဲ့အတွင်းပိုင်းကိုဆင်းလာတဲ့ အင်းဆက်ကောင်မှန်သမျှကို အပေါ်ပြန်မတက်နိုင်အောင် လုပ်နိုင်ပြီး အဲ့ဒီနောက်မှာမှ တဖြေးဖြေးချင်းစားပစ်ကြတာပဲဖြစ်ပါတယ်။
ဟိုးအရင်တုန်းကတော့ ခရားပန်းတွေဟာ လူတွေရဲ့အသားကိုလည်း စားတယ်ဆိုတဲ့ ကောလဟာတွေရှိခဲ့ပြီး တချို့လူတွေကတော့ ဒီလောကဟာလတွေဟာ အမှန်လို့ဆိုကြပါတယ်။ ဒီခရားပန်းတွေဟာ အရွယ်အစားမျိုးစုံရှိကြပေမယ့် အကြီးဆုံးခရာပန်းကတောင် သူ့ရဲ့အတွင်းကို ရေတစ်လီတာလောက်ပဲ ထည့်နိုင်တာဆိုတော့ ဒီအရွယ်အစားနဲ့ ကလေးသေးသေးလေးတစ်ယောက်ကိုတောင် စားပစ်လို့မရပါဘူး။ အကယ်၍ လူတွေရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုက ဒီခရားပန်းထဲကိုရောက်နေမယ်ဆိုရင်တောင် ဖြေးဖြေးပဲ စားနိုင်တာဆိုတော့ အန္တရာယ် ကြီးကြီးမားမားတော့ မရှိနိုင်ပါဘူး။
သတင်း အရင်းအမြစ်៖ Wonderlist