စစ်ရှောင်လာတဲ့ မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေ ထပ်မံကူညီလှူဒါန်းပေးခဲ့တဲ့ အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်သူများ

//s9.kh1.co/c9/c9ba3a060e73d7f4755f304ab62def6ac8c058db.jpg
နေ့စဉ်သတင်းများ

 ၂၂-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်ပြည်သူတွေနဲ့ ကလေးမြို့ ကိုဗစ်လူနာတွေအတွက် မီဇိုးရမ်ပြည်သူတွေက အကူအညီပေးခဲ့တယ်လို့ ကြားသိရပါတယ်။ မီဇိုးရမ်ပြည်နယ်ဟာ ချင်းပြည်နယ် နယ်စပ်နားမှာရှိတဲ့ အိန္ဒိယနိုင်ငံအတွင်းက ပြည်နယ်တစ်ခုဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ကြတဲ့ မြန်မာပြည်သူတွေနဲ့ တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူတွေ အများအပြားကို ခိုလှုံခွင့်ပေးထားတာ ဖြစ်ပါတယ်။  မီဇိုးရမ်ပြည်နယ်က ပြည်သူတွေအများစုကတော့ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြတယ်လို့လည်း သိရပါတယ်။

PhotoCredit - S Hu Lian
PhotoCredit - S Hu Lian
PhotoCredit - S Hu Lian
PhotoCredit - S Hu Lian

မီဇိုးရမ်ပြည်သူတွေဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ပြည်သူတွေကို ခိုလှုံခွင့်ပေးထားတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းနဲ့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်စရာတွေကိုလည်း ကူညီလှူဒါန်းပေးကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးမြို့ကိုလည်း ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်စက်တွေနဲ့ အလှူငွေတွေကိုလည်း နာကူအသင်းတွေကို လှူဒါန်းပေးခဲ့တယ်လို့လည်း သိရပါတယ်။

PhotoCredit - S Hu Lian
PhotoCredit - S Hu Lian
PhotoCredit - S Hu Lian
PhotoCredit - S Hu Lian

ယခုမှာလည်း မီဇိုးရမ်ပြည်သူတွေက မြန်မာစစ်ရှောင်ပြည်သူတွေကို ထပ်မံကူညီလှူဒါန်းပေးလာခဲ့ပါတယ်။ ဒါကတော့ မြန်မာစစ်ရှောင်ပြည်သူတွေကို လိုအပ်တဲ့ မွှေ့ယာ၊ စောင်၊ အဝတ်အစား၊ဆေးဝါး၊ ကလေးကစားစရာများအပြင် စားသောက်စရာအတွက် ဟင်းအမျိုးမျိုးကို ပေးအပ်လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ အခက်အခဲဖြစ်နေတဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ကူညီပေးကြတဲ့ အိန္ဒိယနိုင်ငံက မီဇိုးရမ်ပြည်သူတွေကို ပရိသတ်တွေကလည်း ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပါဦးနော်....။

PhotoCredit - S Hu Lian
PhotoCredit - S Hu Lian

သတင်း အရင်းအမြစ်Source - Zalen fb page



Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T