ကိုဗစ်ကူးစက်ရောဂါကြောင့် ပြည်သူတွေသေဆုံးနေရသလို အနုပညာရှင်တွေထဲမှာလည်း ကြွေလွင့်နေသူတွေရှိပါတယ်။ဒီကာလမှာတော့ ပြည်သူတွေလည်း နေ့တိုင်းလိုလို စိတ်မကောင်းစရာသတင်းတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့မြင်နေရတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း လူရွှင်တော်ကြီးဦးဒီလုံး ကွယ်လွန်သွားခဲ့တဲ့သတင်းလေးကို ထပ်မံကြားသိလိုက်ရပါတယ်။ဦးဒီလုံးကတော့ ဟာသဉာဏ်ပြည့်ဝလို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို နှစ်ပေါင်းအကြာကြီးရရှိထားခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဦးဒီလုံးက ရွှေမန်းသဘင်တင်မောင်ဆန်းမင်းဝင်းအဖွဲ့မှာလည်း ဝါရင့်လူရွှင်တော်ကြီးတစ်ယောက်အဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ဦးဒီလုံး သေဆုံးရတဲ့အကြောင်းအရင်းကတော့ လေပါ၍ သွေးပေါင်ကျတဲ့အပြင် အောက်ဆီဂျင်ထိုးကျသွားတာကြောင့် ကွယ်လွန်သွားတယ်လို့ လူရွှင်တော်တွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားလာကြတာဖြစ်ပါတယ်။ဝါဆိုလပြည့်နေ မနက် ၅နာရီ ၂၀ မိနစ်တွင် ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့ ဦးဒီလုံးအတွက်အနုပညာအသိုင်းအဝိုင်းကလည်း ဝမ်းနည်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit:Chit San Mg’s Fb acc

ဦးဒီလုံးကွယ်လွန်ချိန်မှာ အသက် (၆၇)နှစ်ရှိနေပြီဖြစ်ပြီး ရောဂါအခံတွေနဲ့ပဲ သေဆုံးသွားတာဖြစ်ပါတယ်။ပြည်သူတွေကတော့ သူတို့အားပေးခဲ့ရတဲ့ ဟာသလူရွှင်တော်ကြီး ဦးဒီလုံးကို အပြီးတိုင်ဆုံးရှုံးလိုက်ရတာဖြစ်လို့ အရမ်းစိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ဇာတ်သဘင်လောကမှာလည်း အရမ်းတော်တဲ့ဝါရင့်လူရွှင်တော်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာ ကြီးမားတဲ့ဆုံးရှုံးမှုပဲဖြစ်ပါတယ်။ဒါ့ကြောင့် ဦးဒီလုံး သေဆုံးသွားတဲ့သတင်းလေးကိုပြည်သူအများအပြားသိအောင်လို့ စိတ်မကောင်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Chit San Mg’s Fb acc
Photo Credit:Chit San Mg’s Fb acc
Photo Credit:Myittar Myint Myat Hein’s  Fb acc

Source&Photo Credit:Chit San Mg’s Fb acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။