နှစ်တစ်နှစ်အတွင်း အစ်ကိုဖြစ်သူ၊မိခင်ဖြစ်သူနဲ့ဖခင်တို့ကို ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတက်ကြေကွဲခံစားနေရတဲ့ ခွန်းဆင့်နေခြည်

//s9.kh1.co/6d/6d2e8cf86c61799b44c663f7eff93c11190168a4.jpg
အနုပညာရှင်များ

 ၂၃-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

နှစ်တစ်နှစ်အတွင်း အစ်ကိုဖြစ်သူ၊မိခင်ဖြစ်သူနဲ့ဖခင်တို့ကို ဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတက်ကြေကွဲခံစားနေရတဲ့ ခွန်းဆင့်နေခြည်

ကိုဗစ်ရောဂါကူးစက်မှုတွေအပါအဝင် အ​ကြောင်းအမျိုးမျိုးကြောင့် (၂၀၂၁)ခုနှစ်အတွင်း မြန်မာပြည်သူတွေဟာ မိသားစုဝင်တွေ၊အိမ်နီးနားချင်းတွေ၊ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေကို ဆုံးရှုံးနေရပါတယ်။ မိသားစုဝင်တွေ တစ်ချိန်တစ်ခဏအတွင်း ဆုံးပါးသွားရှာလို့ ရင်ကွဲမတက်ဝမ်းနည်းနေရတဲ့ ပြည်သူတွေထဲ သရုပ်ဆောင်ခွန်းဆင့်နေခြည်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ Julyလ(22)ရက်နေ့မနေ့ကတော့ သရုပ်ဆောင်ခွန်းဆင့်နေခြည်ရဲ့ ဖခင်ဖြစ်သူဟာ ဆုံးပါးကွယ်လွန်သွားခဲ့​ပါတယ်။

Photo  Credit: Khunn Sint Nay Chi Actress 's facebook acc

ဖခင်ဖြစ်သူကွယ်လွန်သွားရှာလို့ယူကျုံးမရဖြစ်ပြီး ဝမ်းနည်းနေတဲ့ ခွန်းဆင့်နေခြည်အတွက် ပြည်သူတွေကစိတ်မကောင်းဖြစ်နေကြပါတယ်။ သူမကတော့ မိခင်ဖြစ်သူ၊အစ်ကိုဖြစ်သူနဲ့ ဖခင်တို့ကို (၂၀၂၁)ခုနှစ်ရဲ့နှစ်တစ်နှစ်အတွင်းမှာပဲ ဆုံးရှုံးခဲ့ရတာဖြစ်ပြီး သူမရဲ့ အစ်ကိုဖြစ်သူကတော့ ဖေဖော်ဝါရီလ(၅)ရက်နေ့မှာ ဆုံးပါးသွားခဲ့ကာ မိခင်ဖြစ်သူကတော့ ဇွန်လ(၁)ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူမကတော့ မိသားစုဝင်သုံးယောက်စလုံးဆုံးပါးသွားရှာလို့ တစ်ယောက်တည်းသာ ကျန်ခဲ့ရတဲ့အကြောင်းကို ဝမ်းနည်းပူဆွေးစွာနဲ့ ဖွင့်ဟပြောပြလာခဲ့ပါတယ်။

Photo  Credit: Khunn Sint Nay Chi Actress 's facebook acc
Photo Credit: Khunn Sint Nay Chi Actress 's facebook acc
Photo  Credit: Khunn Sint Nay Chi Actress 's facebook acc
Photo Credit: Khunn Sint Nay Chi Actress 's facebook acc
Photo  Credit: Khunn Sint Nay Chi Actress 's facebook acc
Photo Credit: Khunn Sint Nay Chi Actress 's facebook acc

သူမကတော့ " အဖေ အမေ နဲ့ အစ်ကိုတို့ရေ (၂၀၂၁)ခုနှစ်တစ်နှစ်ထဲမှာပဲ ရှေ့ဆင့်နောက်ဆင့်လောကကြီးထဲကနေထွက်သွားခဲ့ကြပြီ ကျွန်မတစ်ယောက်သာကျန်တော့သည်။ အမေ အဖေ နဲ့ အစ်ကိုတို့ရေ ဘဝဆက်တိုင်းအနာရောဂါကင်းပြီးလူ့သက်တမ်းစေ့အောင်ရှင်သန်နေထိုင်ခွင့်ရရှိကြပါစေနော် ကောင်းမွန်ရာဘုံဘဝမှာအေးချမ်းကြပါစေလို့ သမီးဆုတောင်းပေးနေပါတယ် (My brother - Feb 5, 2021) (My Mother - Jun 1, 2021) (My Father - July 22, 2021) "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။သရုပ်ဆောင်ခွန်းဆင့်နေခြည်တို့မိသားစုရဲ့ ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Khunn Sint Nay Chi Actress 's facebook acc

Photo  Credit: Khunn Sint Nay Chi Actress 's facebook acc
Photo Credit: Khunn Sint Nay Chi Actress 's facebook acc
Photo  Credit: Khunn Sint Nay Chi Actress 's facebook acc
Photo  Credit: Khunn Sint Nay Chi Actress 's facebook acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T