သီလရှင်၀တ်လေးနဲ့ ချို့တဲ့နေတဲ့ပြည်သူတွေဆီကိုယ်တိုင်သွားရောက်လှူဒါန်းမှုတွေပြုလုပ်ပေးနေတဲ့ စူးရှထက်

//s9.kh1.co/0c/0c2c75cb5896da751ddd9f0aa828c7310690b9aa.jpg
အနုပညာရှင်များ

 ၂၃-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်စူးရှထက်ကတော့ လက်ရှိမှာ သာသနာ့ဘောင်ဝင်ရောက်နေတာ ဖြစ်ပေမယ့် ပြည်သူတွေအတွက် လိုအပ်တာတွေ ကူညီလှူဒါန်းနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက သီလရှင်ဝတ်နေတာဖြစ်ပြီး လိုအပ်နေသူတွေအတွက် စားသောက်ကုန်တွေ လှူဒါန်းနေတဲ့အပြင် အောက်ဆီဂျင်အိုးတွေလည်း လှူဒါန်းပေးနေတာတွေ့ရပါတယ်.....။

Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc

စူးရှထက်က လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့အချိန်တည်းကစတင်ကာ တက်တက်ကြွကြွပါ၀င်ခဲ့တာဖြစ်ပြီး လှူဒါန်းမှုတွေလည်းဆက်တိုက်ပြုလုပ်ပေးနေတာဖြစ်ကာ အခုဆိုရင်လည်း သာသနာ့ဘောင်၀င်ရင်း အလှူဒါနတွေဆက်တိုက်ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ အခုလို ကိုယ်ပါ၀င်နိုင်တဲ့တစ်ထောင့်တစ်နေရာကနေ အားတက်သရောပါ၀င်နေတဲ့ စူးရှထက်ကတော့ တကယ်လေးစားစရာပါ....။

Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc

ဒီကနေ့မှာဆိုရင်လည်း စူးရှထက်ဟာ သီလရှင်၀တ်‌ရင်းနဲ့ပဲ ချို့တဲ့နေတဲ့ပြည်သူတွေဆီကိုယ်တိုင်သွားရောက်ကာ အခြေခံစားသောက်ကုန်တွေလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို သူမရဲ့ Facebookစာမျက်နှာမှာ "တချို့ ဘဝက ချို့တဲ့တယ် အခက်ခဲတွေကြုံလာတိုင်း မင်းတစ်ယောက်ထဲ မဟုတ်ဖူးဆ်ိုတာ မမေ့နဲ့...." ဆိုပြီးရေးသားကာ ပုံလေးတွေမျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc
Photo credit-​ Zar Chi's Facebook acc

သတင်း အရင်းအမြစ်Zar Chi's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T