သေဆုံးသူတွေများနေပေမယ့်လည်း ကြိုးစားပြီးအသက်ရှင်သင့်တဲ့အကြောင်းရင်းကို ပြတ်ပြတ်သားသားပြောလာခဲ့တဲ့ ထားထက်ထက်

//s9.kh1.co/0d/0df30f11508b726d23b3d911f4054a4ada5609da.jpg
အနုပညာရှင်များ

 ၂၄-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်‌မော်ဒယ်လ် ထားထက်ထက်ကတော့ ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်အပြည့်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ တော်လှန်ရေးနယ်မြေထဲသွားရောက်ပြီး ပင်ပင်ပန်းပန်းနဲ့ စစ်သင်တန်းတတ်ရောက်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့ပြင်လွတ်မြောက်နယ်မြေအတွင်းမှာ လိုအပ်နေတဲ့ လိုအပ်ချက်တွေအတွက်လည်း လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် အလှူခံပေးနေကာ အာဏာရှင်ကိုတော်လှန်ဖို့အတွက်ကြိုးစားနေတာလည်း တွေ့မြင်ရပါတယ်။

Photo credit-Htar Htet Htet's Facebook page
Photo credit-Htar Htet Htet's Facebook page

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာဆိုရင် နိုင်ငံရေးကြပ်တည်းမှုဒဏ်အပြင် ကိုဗစ် တတိယလှိုင်းရဲ့ဒဏ်ကိုပါ အလူးအလဲခံစားနေကြရတာပါ။ တစ်ကျော့ပြန်ဖြစ်ပေါ်လာတဲ့ ကိုဗစ်ရဲ့ အရှိန်ကြောင့် သေဆုံးရတဲ့ပြည်သူတွေလည်းများလာနေသလို အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ အောက်ဆီဂျင်ရရှိရန်ခက်ခဲမှုတွေကြောင့် နေ့စဉ်နေ့တိုင်း လူထောင်နဲ့ချီသေဆုံးနေတာကိုတွေ့မြင်ရပါတယ်.....။

Photo credit-Htar Htet Htet's Facebook page
Photo credit-Htar Htet Htet's Facebook page
Photo credit-Htar Htet Htet's Facebook page
Photo credit-Htar Htet Htet's Facebook page

အခုလိုခက်ခဲကြပ်တည်းနေတဲ့ ပြည်သူတွေအတွက် ထားထက်ထက်ဟာ ခွန်အားဖြစ်စေမယ့်စာလေးကို ပြတ်ပြတ်သားသားရေးသားလာပါတယ်။ "စကစတွေရဲ့ ကျဆုံးခန်းကို မိန့်မိန့်ကြီး ထိုင်ကြည့်ရဦးမှာမို့ ကိုဗစ်ကိုအရင်နိုင်အောင်တိုက် ရရာနည်းလမ်းနဲ့ဂရုစိုက် ကြိုးစားပြီး အသက်ရှင်ပေးကြပါ…..???

23 July 2021......"ဆိုပြီး ရေးသားခဲ့တာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Htar Htet Htet's Facebook page
Photo credit-Htar Htet Htet's Facebook page
Photo credit-Htar Htet Htet's Facebook page
Photo credit-Htar Htet Htet's Facebook page

သတင်း အရင်းအမြစ်Htar Htet Htet's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T