မိခင်ဖြစ်သူအား အနီးကပ်ပြုစုခဲ့တဲ့ ချစ်သူကို Test Kit ဖြင့် စစ်ဆေးပေးပြီး ရလာတဲ့ result ကို ပြသလာတဲ့ စိန်ဖြိုးလှိုင်ရဲ့ ဗီဒီယို

//s9.kh1.co/d9/d9ced4b18b1f94cd900729031f7992fa57efbd70.jpeg
အနုပညာရှင်များ

 ၂၄-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် ရီရီပွင့်ဖြူဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ မိခင်ဖြစ်သူကို ရက်ပေါင်း (၂၁) ရက်တိတိ အနီးကပ်ပြုစုစောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ စနစ်တကျ  ကာကွယ်ရေးတွေ ပြုစုခဲ့တာကြောင့် မိခင်ဖြစ်သူ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်တွင် ပရိသတ်တွေကို ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ မနေ့ကလည်း သူမရဲ့ ချစ်သူကိုယ်တိုင် Test Kit ဖြင့် ကိုဗစ်ရောဂါ ရှိ/မရှိ စမ်းသပ်ပေးခဲ့တဲ့ ဗီဒီယိုဖိုင်ကိုလည်း တင်ပေးထားတာ ဖြစ်ပါတယ်။

Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 

ဒီဗီဒီယိုဖိုင်ထဲမှာတော့ COVID Antigen test kit ကို အသုံးပြုနည်းတွေကိုလည်း သေချာရှင်းပြပေးထားတာလည်း ဖြစ်ပါတယ်။ နှာခေါင်းswab test ယူပြီး ရရှိတဲ့ အရည်ကိုတော့ test kit ပေါ်ကို အစက် (၄) စက်ချပြီး  (၁၅) မိနစ်ကြာအောင် စောင့်ဆိုင်းပေးရမှာ ဖြစ်ပါတယ်။ Test Kit တွင် ပေါ်လာတဲ့ အမှတ်အသားပေါ်မူတည်ပြီး ရောဂါရှိ/မရှိ သိရမှာ ဖြစ်ပါတယ်။ C နေရာမှာ တစ်လိုင်းတည်း ပေါ်နေပါက ရောဂါမရှိကြောင်းနဲ့ C ရော T နှစ်လိုင်းလုံးမှာ ပေါ်နေရင်တော့ ကိုဗစ်ရောဂါကူးစက်ခံထားနေရပြီ ဖြစ်ပါတယ်။ 

Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 
Photo Crd-Sein Phyo & Yi’s Facebook Page 

အရင်လို ဆေးရုံဆေးခန်းသွားစစ်ဖို့ မလွယ်တော့တဲ့အချိန်မှာ Antigen Test Kit ‌တွေနဲ့ စစ်နေကြတာတွေ့လို့  ဘယ်လိုမျိုး အသုံးပြုရတယ်ဆိုတာလေးကို တင်ပေးလိုက်ရခြင်း ဖြစ်တယ်လို့လည်း ရှင်းပြထားပါတယ်။  စစ်တဲ့အခါ နှာခေါင်းအဝလေးတင် မဟုတ်ဘဲ နှာခေါင်းအရင်းထိ ရောက်မှသာလျှင် ပိုမိုတိကျတဲ့ အဖြေကို ရမှာမို့  သတိထားစေချင်ပါတယ်။ ရီရီပွင့်ဖြူစစ်ဆေးတဲ့ ရလာဒ်ကတော့ ရောဂါမရှိ(Negative) ဖြစ်ပါတယ်။ အားလုံးလည်း ဗဟုသုတရရှိစေဖို့ ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Sein Phyo & Yi’s Facebook Page 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T