ကိုဗစ်ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲမဝင်ရောက်စေဖို့ သူမကိုယ်တိုင် လိုက်နာကျင့်သုံးနေတဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြလာတဲ့ အေးမြတ်သူ

//s9.kh1.co/4c/4cc9f4789cedc3ad46ad3e40b2fdff13f9480302.jpeg
အနုပညာရှင်များ

 ၂၄-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိ အချိန်တွင် ကိုဗစ်ရောဂါကူးစက်နှုန်းဟာ အတော်လေးကို မြန်ဆန်နေတဲ့အတွက် ကျန်းမာအောင် ဂရုတစိုက်နေထိုင်ရမယ့်ကာလဖြစ်ပါတယ်။ အနုပညာရှင်များကလည်း ပရိသတ်တွေ ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် သူတို့ လုပ်ဆောင်နေတဲ့ လေ့ကျင့်ခန်းတွေကို လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း သရုပ်ဆောင် အေးမြတ်သူရဲ့ Facebook Page တွင် ​ကိုဗစ်ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲမဝင်ရောက်စေဖို့ သူမကိုယ်တိုင် လိုက်နာကျင့်သုံးနေတဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြလာတာ ဖြစ်ပါတယ်။

Photo Crd-Aye Myat Thu’s Facebook Page
Photo Crd-Aye Myat Thu’s Facebook Page
Photo Crd-Aye Myat Thu’s Facebook Page
Photo Crd-Aye Myat Thu’s Facebook Page

ကိုယ်နေတဲ့ အခန်းနဲ့ အိပ်တဲ့ အခန်းများကို လေဝင်လေထွက်ကောင်းအောင်နဲ့ နေရောင်ခြည်ရအောင် ပြတင်းပေါက်တံခါးတွေ ဖွင့်ထားဖို့ လိုအပ်ပါတယ်။ တိုက်ခန်းအပိတ်ဆိုပါက နောက်ဖေးမီးဖိုချောင်တံခါးနဲ့ အိမ်ရှေ့ဝရံတာတံခါးများအား ဖွင့်ထားရပါမယ်။ မနက်ခင်နိုးတိုင်း နေရောင်ခြည်အောက်မှာ အချိန်ရနိုင်သလောက်နေပေးရင်း အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ပေးရပါမယ်။ အာဟာရဖြစ်စေမယ့် အစားအသောက်များကိုလည်း စားသောက်ခြင်းဖြင့်လည်း ရောဂါမဖြစ်အောင် ကာကွယ်လို့ ရပါတယ်။ 

Photo Crd-Aye Myat Thu’s Facebook Page
Photo Crd-Aye Myat Thu’s Facebook Page
Photo Crd-Aye Myat Thu’s Facebook Page
Photo Crd-Aye Myat Thu’s Facebook Page

မိတ်ဆွေသူငယ်ချင်း အချင်းချင်း စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေကိုလည်း မကြာခဏ ပြောပေးသင့်ကြောင်းကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။ " ရယ်စရာလေးတွေ ..ရှာဖွေကြည့်မယ်.။သူငယ်ချင်းတွေ နဲ့  ပျော်စရာအကြောင်းတွေပြန်ပြောမယ်..နေမကောင်းတဲ့ သူငယ်ချင်း ကို  ရယ်စရာနဲ့ ပျော်စရာတွေ  ဖုန်းထဲကပြောပေးရင်း  စိတ်ဓာတ်ခွန်အားပေးမယ် အိပ်ရေးဝဝအိပ်ကြမယ်...????အားလုံးအားလုံးနေကောင်းကျန်းမာကြပါစေရှင်..????" ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်များကလည်း မှန်ကန်စွာ နေထိုင်ရမယ့် နည်းလမ်းကောင်းများကို ဝေမျှပေးတဲ့ မမြတ်လေးကို ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ်။ အားလုံးလည်း ဗဟုသုတရရှိစေဖို့အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Aye Myat Thu’s Facebook Page 

Photo Crd-Aye Myat Thu’s Facebook Page
Photo Crd-Aye Myat Thu’s Facebook Page
Photo Crd-Aye Myat Thu’s Facebook Page
Photo Crd-Aye Myat Thu’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T