Covid 19 ရောဂါနဲ့ ပတ်သက်ပြီးအောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ ဆေးကုသမှု မလုံလောက်တာတွေကြောင့် လူနာတွေမှာ ခိုကိုးရာမဲ့နဲ့ အသက်ပေးနေကြရတာတွေဟာ တကယ်ကို ရင်နာစရာကောင်းလွန်းတာ တွေ့ရပါတယ်..။
ဆေးရုံတွေကလည်း လက်ခံကုသမှုမပေးနိုင်တာတွေကြောင့် အသက်ဆုံးရှုံးကြရတဲ့ ပြည်သူတွေများပြားနေပြီး အခုတစ်ခါမှာ ဆေးရုံက မျက်နှာလွှဲမှုတွေကြောင့် သေဆုံးခဲ့ရတဲ့အဖြစ်တစ်ခုကို လူငယ်တစ်ဦးက ငိုကြွေးရင်း Live လွှင့် ပြောပြလာပါတယ်..။
အောက်ဆီကျလို့ မျှော်လင့်ချက်လေးတစ်ခုနဲ့ အားကိုးတကြီးဆေးရုံသွားခဲ့ပေမယ့် မောင်းထုတ်ခံလိုက်ရတာကြောင့် အချိန်မှီ အသက်မကယ်နိုင်တော့ဘဲ သေဆုံးသွားခဲ့ရတဲ့ အစ်မဖြစ်သူအတွက် ယူကြုံးမရငိုကြွေးနေတာ ဖြစ်ပါတယ်..။
ဆေးရုံက မောင်းထုတ်လိုက်လို့ သူငယ်ချင်းတွေနဲ့အတူ အောက်ဆီဂျင် မရရအောင် ရှာလာခဲ့ပေမယ့် နှာခေါင်းပိုက်တပ်ရုံအချိန်လေးမှာ သေဆုံးသွားအတွက် ဖြေမဆည်နိုင်အောင် ဖြစ်နေရတာလည်း ဖြစ်ပါတယ်..။
မိဘတွေမရှိတော့တဲ့နောက်ပိုင်း အဒေါ်နဲ့အတူ မောင်နှမနှစ်ယောက်နေထိုင်ပြီး အောက်ဆီဂျင်ကျလို့ သေဆုံးသွားရတဲ့ အစ်မဖြစ်သူအတွက် ဝမ်းနည်း ပက်လက်ငိုကြွေးရင်း အခြားသူတွေကိုလည်း သူ့လို မခံစားရဖို့အတွက် ကျန်းမာရေး ဂရုစိုက်ကြဖို့ ပြောထားပါသေးတယ်..။
အစ်မဖြစ်သူအတွက် ဖြေမဆည်နိုင်အောင် ငိုကြွေးနေတဲ့ လူငယ်လေးရဲ့ ဗီဒီယိုဖိုင်ကြည့်ရင်း ပြည်သူတွေဟာ ကိုယ်ချင်းစာဝမ်းနည်းရသလို မိတ်ကပ်ပညာရှင်မေဦးကလည်း "ကိုယ့်မိသားစု မဖြစ်သေးလို့
တရားနဲ့ဖြေပါဆိုပြီး မပြောနဲ့တော့ဗျာ
ဆို့နင့်ပြီး ရင်တွေကွဲတယ်??????.." ဆိုပြီးတော့လည်း ဗီဒီယိုဖိုင်လေးကြည့်ကာ စိတ်မကောင်းရင်း ဝမ်းနည်းစွာ ပြောထားတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ May Oo's Fb Acc