ကားပေါ်က အောက်ဆီဂျင်အိုးတွေချနေတဲ့အချိန် ကားကိုခိုးယူမောင်းပြေးသွားလို့ ပြည်သူတွေကို အကူအညီတောင်းခံလာတဲ့ နွယ်ဒါလီထွန်း

//s9.kh1.co/c8/c80fe2c0fc7ebf9e98eb6dd0c402a529f1b4ad9f.jpeg
အနုပညာရှင်များ

 ၂၄-လိုင်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပြန့်ပွားကူးစက်မှုတွေ ဆိုးရွားနေတဲ့ Covid 19 ရောဂါကြောင့် ပြည်သူတွေမှာ နေ့စဉ်နဲ့အမျှ သေဆုံးမှု များပြားနေတာကြောင့် ပြည်သူတွေက အချင်းချင်း ကူညီဖေးမနေကြတာ ဖြစ်ပါတယ်..။

လက်ရှိကာလတွေမှာ စာနာမှုတွေနဲ့ ဖေးမကူညီနေတဲ့ ပရဟိတလူငယ်တွေ ရှိကြသလို ကိုယ်ကျိုးစီးပွားအတွက် အခြားလူအသက်တွေကို လောင်းကြေးထပ်ပြီး လိမ်ညာနေကြတဲ့ မသမာသူတွေလည်း ရှိနေတာ တွေ့ရပါတယ်..။

Photo Credit - Nwe Darli Tun’s Fb Acc
Photo Credit - Nwe Darli Tun’s Fb Acc

အခုတစ်ခါမှာလည်း မြေနီကုန်း၊ ရှမ်းကုန်းလမ်းမှာ ကားပေါ်က အောက်ဆီဂျင်အိုးတွေချနေတဲ့အချိန် ကားကိုခိုးယူမောင်းပြေးသွားတာကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတစ်ဦးရဲ့ အဖြစ်အပျက်အကြောင်းကို သရုပ်ဆောင်နွယ်ဒါလီထွန်းက တဆင့်ပြန်လည်ပြောပြလာပါတယ်..။

ကားအမျိုးအစားကတော့ Suzuki အနက်ရောင်၊ ကားနံပါတ် YGN- 1Q/1697 ဖြစ်ပြီး ငွေသား (၁၅) သိန်းနဲ့ ဝယ်ထားတဲ့ ဆေးတွေ ကားပေါ်ပါသွားတာကြောင့် ကားကိုတွေ့ရင် ဆက်သွယ်ပေးကြဖို့ ပြည်သူတွေကို တတ်နိုင်သလောက် အကူအညီတောင်းပေးထားတာ ဖြစ်ပါတယ်..။

Photo Credit - Nwe Darli Tun’s Fb Acc
Photo Credit - Nwe Darli Tun’s Fb Acc

"ယနေ့နေ့လည်က ကားပေါ်က အောက်ဆီဂျင်အိုးတစ်ချို့ချနေရင်း ကားကိုခိုးယူမောင်းပြေးသွားတာမလို့ ဒီကားကိုတွေ့ရင် ကျနော်တို့ကိုဆက်သွယ်ပေးကြပါ။

မြေနီကုန်း၊ ရှမ်းကုန်းလမ်းမှာ ဖြစ်သွားတာပါ။

ငွေသား (၁၅) သိန်းရယ် ဝယ်ထားတဲ့ 

ဆေးတွေရယ်ကားပေါ်ပါသွားပါတယ်။ 

ကျေးဇူးပြုပြီး Share ပေးပါခင်ဗျာ။ 

ကားနံပါတ် YGN- 1Q/1697 

Suzuki  အမျိုးအစား အနက်ရောင်ဖြစ်ပါတယ်။.." ဆိုပြီး ပို့စ်တင်ကာ အကူအညီတောင်းခံထားတာ ဖြစ်ပါတယ်..။

​ပရိသတ်တွေကလည်း ဒီကာလကြီးမှာ အခုလိုလုပ်တဲ့မသမာသူတွေကို အပြင်းအထန်ရှုံ့ချထားပြီး ကားပိုင်ရှင်အတွက်လည်း အမြန်ဆုံးပြန်တွေ့ဖို့ကို ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nwe Darli Tun’s Fb Acc
Photo Credit - Nwe Darli Tun’s Fb Acc

သတင်း အရင်းအမြစ်Nwe Darli Tun’s Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T