ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အတူ အောင်မြင်မှုတွေ ရရှိထားတဲ့ သရုပ်ဆောင် ထူးခန့်ကျော်ကိုတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ်။ ထူးခန့်ကျော်ဟာ ကျရာဇာတ်ရုပ်ကို သဘာဝကျကျနဲ့ ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထူးခန်ကျော်ဟာ အနုပညာအလုပ်တွေထက် အရိုးအကြောစတဲ့ ဝေဒနာခံစားနေရသူတွေကို သူတတ်မြောက်ထားတဲ့ ပညာတွေနဲ့ အခမဲ့ ကုသပေးနေတဲ့ ဆေးဆရာတစ်ယောက်အဖြစ် ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Photo Credit - Htoo Khant Kyaw fb account
Photo Credit - Htoo Khant Kyaw fb account

သူ့ရဲ့ ဆေးကုသမှုတွေကတော့ တကယ့်ကို ထိရောက်ပြီး ရောဂါဝေဒနာများ ခံစားရတဲ့သူအများအပြားလည်း ပျောက်ကင်းသက်သာသွားကြတာ တွေ့ရပါတယ်။ လတ်တလောမှာ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါနဲ့ ရာသီတုတ်ကွေး ကူးစက်မှုတွေကလည်း တစ်နေ့တခြားများလာခဲ့ပါတယ်။ အများစုကတော့ နေမကောင်းဖြစ်ပြီး အနံ့အရသာမရခြင်း ၊ အသက်ရှူဝခြင်း၊ ချောင်းခြောက်ဆိုးနဲ့ ချွဲထခြင်းတွေကို ဖြစ်ပွားနေကြတာ တွေ့နေရပါတယ်။

Photo Credit - Htoo Khant Kyaw fb account
Photo Credit - Htoo Khant Kyaw fb account

ဒီလို ရောဂါဝေဒနာများကို ခံစားနေရတဲ့ ပြည်သူတွေအတွက် ထူးခန်းကျော်က နေ့စဥ်သောက်သုံးနေတဲ့ ဆေးကောင်းတစ်မျိုးရဲ့ လုပ်နည်းလေးကို လူမှုကွန်ယက်မှာ ပြန်လည်မျှဝေလာခဲ့ပါတယ်။ သူ့ရဲ့ ဆေးနည်းလေးက လတ်တလောအဖြစ်များနေတဲ့ အနံ့အရသာမရခြင်း ၊ အသက်ရှူဝခြင်း၊ ချောင်းခြောက်ဆိုးနဲ့ ချွဲထခြင်းစတဲ့ ရောဂါဝေဒနာများ ခံစားနေရတဲ့ သူတွေအတွက် ငွေအကုန်အကျသက်သာစေပြီး မိမိအိမ်မှာပဲ အလွယ်တကူလုပ်လို့ရတဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲ ဖြစ်ပါတယ်။ ထူးခန်းကျော်ရဲ့ ဆေးလုပ်ပုံလုပ်နည်းလေးကို ပရိသတ်တွေအတွက် အကျိုးရှိရှိ အသုံးပြုနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Htoo Khant Kyaw fb account
Photo Credit - Htoo Khant Kyaw fb account

သတင်းအရင်းမြစ်: Source - Htoo Khant Kyaw fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။