အလောင်းတွေများပြားလွန်းလို့ တစ်နေ့လုံးမနားမနေဘဲ မီးရှို့ပေးနေတာတောင် မကုန်နိုင်သေးဘဲ စုပုံနေသေးတဲ့ ရင်နင့်စရာမြင်ကွင်းများ

//s9.kh1.co/93/93ecd0185779280bfafefdff68d37668ac6a4cb1.jpeg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အလောင်းတွေများပြားလွန်းလို့ တစ်နေ့လုံးမနားမနေဘဲ မီးရှို့ပေးနေတာတောင် မကုန်နိုင်သေးဘဲ စုပုံနေသေးတဲ့ ရင်နင့်စရာမြင်ကွင်းများ

လတ်တလောမှာတော့ ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်နေရတဲ့အပြင် မြန်မာနိုင်ငံအတွင်းကတချို့နေရာတွေမှာလည်း ရေကြီးမှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ပြည်သူလူထုကတော့ ဒုက္ခဆင်းရဲတွေကို တစ်မျိုးပြီးတစ်မျိုးရင်ဆိုင်နေရတာကြောင့် အားတင်းပြီးကျော်ဖြတ်နေကြရတာဖြစ်ပါတယ်။ကိုဗစ်ကူးစက်ရောဂါနဲ့ သေဆုံးသွားသူတွေကလည်း တစ်နေ့ကို ရာကျော်သေဆုံးနေတာဖြစ်လို့ စိတ်မကောင်းစရာသတင်းတွေကို နေ့စဉ်ကြားသိနေရတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

မန္တလေးမြို့မှာတော့ ကိုဗစ်ကူးစက်ရောဂါကို မိမိကမှစတင်ပြီး ကြိုတင်ကာကွယ်နေကြပေမယ့်လည်း ကူးစက်ခံရသူတွေအများအပြားရှိနေပါတယ်။တချို့အိမ်တွေမှာဆိုရင် မိသားစုလိုက်ကူးစက်ခံရတာကြောင့် ရပ်ကွက်နေပြည်သူတွေကပဲ အဲ့ဒီအိမ်အတွက် စားရေးသောက်ရေးနဲ့ကျန်းမာရေးကို တာဝန်ယူစောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။မနေ့ကဆိုရင်လည်း မန္တလေးမြို့မှာ ကိုဗစ်ကြောင့်သေဆုံးသူတွေ အယောက် (၁၀၀) ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

အလောင်း (၁၀၀)ကျော်ကို မီးရှို့ပေးနေကြတဲ့ ဝန်ထမ်းတွေကလည်း နေ့လည် (၁)နာရီ (၄၇)မိနစ်အထိ ရှို့ပေးနေကြရတာဖြစ်ပါတယ်။အလောင်းတွေကလည်း ဘေးနားမှာစုပြုံနေတဲ့ ရင်နင့်စရာမြင်ကွင်းတွေကိုလည်း တွေ့မြင်ရပါတယ်။မီးသင်္ဂြိုလ်စက်မှာရှိတဲ့ ဝန်ထမ်းတွေကတော့ တစ်နေ့လုံး မနားမနေဘဲ မီးရှို့နေတာတောင် (၁)နာရီကျော်အထိ မကုန်သေးလို့ ပင်ပန်းနေကြရှာမှာပဲဖြစ်ပါတယ်။အခုလိုမျိုး သေဆုံးတဲ့သူတွေများပြားလွန်းတာကြောင့် မီးသင်္ဂြိုလ်စက်တွေမှာ အလောင်းတွေ ပြည့်နှက်နေတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Original Uploder

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T