သောင်ရင်းမြစ်ရေ အဆမတန် မြင့်တက်လာခဲ့လို့ ဆိုးဆိုးရွားရွား ရေကြီးမှုကို ကြုံတွေ့နေရတဲ့ မြဝတီမြို့က လက်ရှိအခြေအနေ

//s9.kh1.co/c8/c85dd01f3f5b3f946e07f3ac19130b565d2afac2.jpg
နေ့စဉ်သတင်းများ

 ၂၇-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မြန်မာပြည်သူတွေကတာ့ ကိုဗစ်ရောဂါကို ခံစားနေရတဲ့အပြင် အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေကိုပါ ကြုံတွေ့လာရပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် ၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေရှိ မြို့နယ်ကျေးရွာတွေမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ရေကြီးမှုတွေအပြင် မြေပြိုကျမှုတွေပါ ဆိုးဆိုးရွားရွား ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။ ယမန်နေ့ကဆိုရင်လည်း မွန်ပြည်နယ်က နေရာတချို့မှာ ရေကျသွားခြင်းမရှိဘဲ ပိုမိုတက်လာတာကြောင့် ဒေသခံပြည်သူတွေကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေကြတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အလားတူပင် ယမန်နေ့ ညပိုင်းကလည်း ကရင်ပြည်နယ်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်က သောင်ရင်းမြစ်ရေဟာ အဆမတန် မြင့်တက်လာတာကြောင့် မြဝတီမြို့ရဲ့ နေရာတချို့မှာ ရေများဝင်ရောက်ခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပျံ့နှံ့လာတဲ့ သတင်းများအရ တချို့တစ်ထပ်အိမ်တွေဟာ ရေနစ်မြုပ်သွားခဲ့တာကြောင့် မိသားစုတွေ နေလို့မရတော့ဘဲ ရေလွတ်တဲ့နေရာတွေကို ညတွင်းချင်း ပြောင်းရွှေ့ခဲ့ရသလို တချို့မိသားစုတွေ ပိတ်မိနေကြတာတွေလည်း ရှိတယ်လို့ ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယနေ့ ဇူလိုင်က (၂၇)ရက်နေ့ မနက်ပိုင်းမှာတော့ မြဝတီမြို့ရဲ့ ရေနစ်မြုပ်နေကြတဲ့ စိတ်မကောင်းစရာ မြင်ကွင်းတချို့ကလည်း လူမှုကွန်ယက်မှာ တွေ့လာရပါတယ်။ လမ်းမပေါ်တွေမှာ ရပ်ထားတဲ့ကားတွေတောင် မြုပ်လုနီးပါး ရေကြီးနေတဲ့ ဒီမြင်ကွင်းကတော့ ပြည်သူတွေအတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိမှာ အမှန်ပါ။ ပရိသတ်တွေလည်း လက်ရှိ ရေကြီးရေလျှံမှုတွေကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ပြည်သူတွေအတွက် ဘေးအန္တရယ်ကင်းရှင်းအောင် ဆုတောင်းမေတ္တာတွေ ပို့သပေးကြပါဦးနော်.....။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T