"My roommate is Gumho" ဇာတ်ကားမှ မင်းသားချော Jang KiYong ဟာ လာမည့်ဩဂုတ်လထဲမှာ မဖြစ်မနေစစ်မှုထမ်းရတော့မှာဖြစ်ပါတယ်။
YG Entertainmentရဲ့ထုတ်ပြန်ချက်အရ မင်းသား Jang KiYongဟာ လက်ရှိရိုက်ကူးနေတဲ့ ဒရမ်မာပြီးဆုံးတာနဲ့ စစ်မှုထမ်းရန်ပြင်ဆင်တော့မှာဖြစ်ပြီး သူရဲ့အခြေခံစစ်မှုထမ်းသင်တန်းကို ဩဂုတ်လ ၂၃ရက်နေ့မှာစတင်ရန်ပြင်ဆင်ထားတယ်လို့သိရပါတယ်။ ကိုရီးယားရဲ့ စစ်မှုမထမ်းမနေရဥပဒေအရ အသက် ၁၈မှ ၂၈နှစ်အတွင်း စစ်မှုထမ်းရတာဖြစ်ပြီး အနုပညာရှင်တွေအနေနဲ့ လပေါင်း ၂၀ခန့်ထမ်းဆောင်ရလေ့ရှိပါတယ်။
Jang KiYongဟာ SBSရဲ့ ဒရမ်မာအသစ်ဖြစ်တဲ့ "We are Now Breaking Up"မှာ မင်းသမီးချော Song Hye Kyoနဲ့အတူ ရိုက်ကူးနေတာဖြစ်ပြီး ၂၀၂၁ရဲ့ ဒုတိယနှစ်၀က်မှာထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။
သတင်း အရင်းအမြစ်៖ Twitter