ကိုဗစ်နဲ့ ရေဘေးကို ခက်ခဲစွာ ရင်ဆိုင် ဖြတ်သန်းနေရပုံကို တစ်ပြိုင်တည်း ပြသနေတဲ့ ပြည်သူတွေရဲ့ ရင်ကွဲစရာ မြင်ကွင်းများ

//s9.kh1.co/d5/d50f15fdb39bbe8b7892528b6f2665260125d241.jpeg
နေ့စဉ်သတင်းများ

 ၂၈-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.......

မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကတော့ ဒီနှစ်ပိုင်းတွေမှာ ပြောင်းလဲသွားတဲ့ နိုင်ငံရေး အခြေအနေတွေ အပြင် တတိယလှိုင်း ကိုဗစ်ကိုလည်း တစ်ဆက်တည်း ကြုံတွေ့နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဆုံးရှုံးမှုတွေ များစွာရှိနေခဲ့ပါတယ် ။ ခုလည်း တစ်ချို့နေရာတွေမှာ ရေဘေးကိုပါ ထပ်မံ ရင်ဆိုင်နေရတာကို စိတ်မကောင်းစွာတွေ့ရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

မိုးအဆက်အပြတ် ရွာသွန်းမှုတွေကြောင့် အခုဆိုရင် တောင်တန်းဒေသအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ် ။ လူနေအိမ်တွေထဲ ရေတွေဝင်သည်အထိ အခြေအနေတွေ ဆိုးရွားနေတာကို တွေ့ရပြီး ခုလို ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာ တစ်ချို့ လူနာတွေဆို ရေထဲမှာပဲ အောက်ဆီဂျင်အိုး ရှူရင်း ရောဂါဝေဒနာကို ခက်ခဲစွာ ရင်ဆိုင်ကုသနေရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

ဒါ့အပြင် တစ်ချို့ ဆေးရုံတွေ ၊ ကိုဗစ် စင်တာတွေလည်း ရေတွေ နှစ်မြှပ်လို့ လူနာတွေကို ဘေးကင်းရာသို့ ကုတင်လိုက် ရွှေ့ပြောင်းနေကြရတဲ့ မြင်ကွင်းတွေ တကယ်ကို ရင်ကွဲစရာတွေပါပဲ ။ ကိုဗစ်ရော ရေဘေးကို တစ်ပြိုင်တည်း ကြု့တွေ့နေရတဲ့ ပြည်သူတွေကို ကြည့်ပြီး ဝမ်းနည်း စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ခုလက်ရှိရေဘေးသင့်နေရာတွေမှာ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ပြန်လည်ဝေမျှပေးရင်း အားလုံး ဘေးကင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T