လက်တလောအခြေအနေမှာတော့ တချို့မြို့နယ်တွေမှာလည်း ခိုးဆိုးလုယက်မှုတွေရှိနေပြီး ပြည်သူတွေလည်းထိတ်လန့်စွာနေထိုင်နေရတာဖြစ်ပါတယ်။ဒီကာလမှာ ပြည်သူတွေရဲ့ချွေးနည်းစာကို မတရားလုယက်နေတဲ့ မသမာသူတချို့ကြောင့် ထိခိုက်ဒဏ်ရာရသွားသူတွေလည်းရှိပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက လားရှိုးမြို့ ရပ်ကွက်(၇)မှာဆိုရင် မိန်းကလေးတစ်ဦးကို အမျိုးသားနှစ်ဦးက ဓားနဲ့ဝင်ခုတ်ပြီး လုယက်မှုဖြစ်ပွါးခဲ့တယ်လို့သိရပါတယ်။
မိန်းကလေးကတော့ မိသားစုဝင်ထဲမှာ နေမကောင်းတဲ့လူရှိလို့ နမ့်ခုံးဆေးတိုက်ဘေးလမ်းနားမှာ ဆေးခန်းဖွင့်လားလို့ တစ်ယောက်တည်း ဆိုင်ကယ်နဲ့ လာကြည့်တယ်လို့သိရပါတယ်။သူမဆိုင်ကယ်ရပ်ထားတဲ့အချိန်မှာ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးနဲ့ဘေးကပ်လာပြီး တစ်ယောက်ကဓားနဲ့ဝင်ခုတ်ခဲ့တာဖြစ်ပါတယ်။မိန်းကလေးကလည်းရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေမှာ အသံကျယ်ကျယ်နဲ့အော်ဟစ်ပြီး အန္တရာယ်ကိုရင်ဆိုင်နေတာဖြစ်ပါတယ်။
ဓားနဲ့ဝင်ခုတ်တာက ခေါင်းကိုခုတ်တာဖြစ်ပေမယ့် ဓားကျွတ်ထွက်သွားလို့ လက်ကိုပဲထိခိုက်သွားခဲ့တာဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ လားရှိုးမြို့မှာ လုယက်မှုတွေရှိနေတယ်လို့ အလားတူဖြစ်ရပ်မျိုးကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေက ရင်ဖွင့်လာကြတာဖြစ်ပါတယ်။ဒီအခြေအနေမှာ မိန်းကလေးတွေအနေနဲ့လည်း တစ်ဦးတည်းအပြင်မထွက်သင့်သလို လမ်းပေါ်သွားလာရင်လည်း အစစအရာရာဂရုစိုက်နိုင်ကြဖို့အတွက် CCTV ဗီဒီယိုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Photo Credit:Original Uploder
Source&Video Credit:Original Uploder