ကမ္ဘာကြီးပေါ်က ထူးထူးဆန်းဆန်း အင်္ဂါအပိုတွေနဲ့ မွေးဖွားလာခဲ့ကြတဲ့ တိရစ္ဆာန်များ

//s9.kh1.co/59/5914d362af7575f4f818aa58b0bb036812da9c20.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာတချို့သော တိရစ္ဆာန်တွေဟာ ပုံမှန်မဟုတ်ပဲ အင်္ဂါအပိုတွေပါပြီး မွေးလာလေ့ရှိပါတယ်။ ဒါဟာ မျိုးရိုးဗီဇအားဖြင့် ဖြစ်တောက်ဖြစ်ခဲ အခိုက်အတန်တွေဖြစ်ပါတယ်။ အဲ့လိုအကောင်တွေထဲက ပထမဆုံးတိရစ္ဆာန်ကတော့ တံငါးသည် Christian Johnston ဆိုတဲ့သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ခေါင်းနှစ်ခုပါတဲ့ ငါးမန်းကောင်လေးကို Australia ကမ်းရိုးတန်းတစ်ခုမှာတွေ့ရှိခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=650,h=719,q=100/6d/6dcf5d1ac9503e8871bc395067d23151d757d432.jpg
https://s9.kh1.co/__image/w=650,h=434,q=100/66/666826dec34b625c71a5be11138b2b9ae53bfd5a.jpg

နောက်ထပ်တစ်‌ေကာင်ကတာ့ Derbyshire မှာမွေးခဲ့တဲ့ သိုးလေးတစ်ကောင်ဖြစ်ပြီး ခြေချောင်း ၅ချောင်းပါရှိကာ သူဟာကျန်းကျန်းမာမာပါပဲ။ ဆက်လက်ပြီး ၂၀၁၆ခုနှစ်မှာ ခေါင်းနှစ်လုံးပါတဲ့ လိပ်လေးမွေးလာတော့ ပိုင်ရှင်ဖြစ်တဲ့ Jeo Armansary က လန့်သွားခဲ့ပါတယ်။ အဲ့လိပ်နှစ်ကောင်က ကျန်းကျန်းမာမာပဲရှိကာ ဘာမှ ဆိုးဆိုးရွားရွားဖြစ်ပွားခြင်းမရှိပါဘူး။ အဲ့လိပ်ကိုရိုက်တဲ့ ဓာတ်ပုံဆရာ Tanto Yensen က " ဒါဟာ အင်မတန်မှာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပါပဲ....မြင်ရတဲ့ ကျွန်တော့်အတွက် ဒါဟာအင်မတန် ကံထူးပါတယ် " လို့ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=423,q=100/63/634249eb17e0e8f333f2efeea190fffe944cd214.jpg
https://s9.kh1.co/__image/w=650,h=434,q=100/02/0259a045ed7e8414db41770a6cbab51c625536a9.jpg

ပြီးခဲ့တဲ့နှစ် December လမှာ Tom နဲ့ Jerry လို့ခေါ်တဲ့ ခေါင်းနှစ်ခွဖြစ်နေတဲ့ California မြွေဘုရင်ကို Switzerland မှာတွေ့ရှိခဲ့ပါတယ်။ တွေ့ရှိတဲ့အချိန်မှာအဲ့မြွေဟာ အသက်၁၇နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းက ကမ္ဘာတစ်ဝန်းမှာ ခေါင်းစဉ်ဖြစ်ခဲ့တဲ့ ကြောင်လေးဟာ မျက်နှာ နှစ်ဖက်ပါနေခဲ့ပါတယ်။ အဲ့ကြောင်လေးဟာ အသက်၃ရက်သာအသက်ရှင်ခဲ့ပြီ အသက်ရှုမဝခြင်းကြောင့် သေဆုံးခဲ့ရပါတယ်။ ၂၀၁၅ခုနှစ် Florida လယ်ကွင်းတစ်ကွင်းမှာ မျက်လုံးလေးလုံး၊ နှားခေါင်းနှစ်ခု၊ နှားရွက်နှစ်ခု၊ပါးစပ်နှစ်ခုနဲ့ ခေါင်းနှစ်လုံးပါတဲ့ နွားကိုမွေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/2e/2eec6479a36b12a05636ab92361d4d258f277dc6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/08/08e761bb778558783df1788e8884191ccd4d5adc.jpg

၂၀၁၀တုန်းက တရုတ်ပြည်မှာ ခေါင်းတစ်လုံးထဲကနေ ခန္ဓာကိုယ်နှစ်ခုကွဲထွက်နေတဲ ဝက်တစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဝက်ဟာဆိုရင် အချိန်ခနတာအတွင်းမှာ သေဆုံးခဲ့ပါတယ်။ တရုတ်ပြည်မှာပဲ ၂၀၁၁ ခုနှစ်မှာ ခေါင်းနှစ်လုံးပါတဲ့ နွားလေးကိုမွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့နွားပေါက်လေးဟာဆိုရင် သူကိုယ်တိုင် မထနိုင်ပါဘူး....ပြီးတော့ အစားကျွေးရင် လက်နဲကျွေးရပါတယ် ဘာလို့လဲဆိုတော့ သူ့အမေဆိက နို့ကိုသောက်လို့မရလိုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/86/8603653028223f3308a584899a6ff9b99d8a0d09.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f0/f0ccb2d910c81b4ed2ef99f92e02212d2f55856f.jpg

သတင်း အရင်းအမြစ်List 25

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T