အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မိုးတွေဆက်တိုက်ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ဒုက္ခရောက်နေကြချိန် မြန်မာပြည်သူတွေဟာ အခုလိုရေဘေးကိုပါ ကြုံတွေ့နေရတာဖြစ်ပြီး ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေဟာလည်း အခက်အခဲတွေကိုပိုမိုရင်ဆိုင်နေရပါတယ်။ရေကြီးရေလျှံဖြစ်နေတဲ့ ဒေသတွေထဲ ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့လည်း အပါအဝင်ဖြစ်ပြီး နေအိမ်တွေထဲအထိ ရေတွေဝင်ရောက်နေသလို တစ်ချို့နေရာတွေမှာလည်း လှေတွေနဲ့သွားလာနေရတာဖြစ်ပါတယ်။
Julyလ(28)ရက်နေ့ ယနေ့မှာတော့ လှိုင်းဘွဲ့မြို့မှာ ရေတွေကြီးနေတာကြောင့် ပရဟိတသမားတွေဟာ ကိုဗစ်ရောဂါနဲ့သေဆုံးသွားကြတဲ့ ပြည်သူတွေရဲ့ရုပ်အလောင်းကို လှေနဲ့သယ်ဆောင်ပြီး သုသာန်သို့ပို့ဆောင်ပေးနေခဲ့ရပါတယ်။ လမ်းမတွေပေါ်ရေတွေကျော်နေပြီး ကားတွေသွားမရတာကြောင့် အခုလိုလှေနဲ့ ရုပ်အလောင်းတွေကို သယ်ယူနေရတာဖြစ်ပါတယ်။ရေဘေးကြုံတွေ့နေရပေမယ့်လည်း တတ်နိုင်တဲ့နည်းလမ်းနဲ့ ကူညီပေးနေတဲ့ အဆိုပါပရဟိတသမားတွေကို ပြည်သူတွေက ချီးကျုးနေကြပြီး ဘေးကင်းကြစေဖို့ ဆုတောင်းပေးနေကြပါတယ်။
ဒေသခံပြည်သူတစ်ဦးကတော့" လှိုင်းဘွဲ့ မြို့နယ်အတွင်း တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းမပေါ်၌ ရေများ ကျော်နေသည့်အတွက် ကားဖြင့်သွားရင်အစဥ်မပြေတော့သဖြင့် ကိုဗစ် positive ဖြင့် ဆုံးသွားသော(၂)ဦးအား လှေ ဖြင့်သယ်ဆောင်ပြီး သုသာန်သို့ပို့ဆောင်ပေးခဲ့ပါသည် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ်ရောဂါကြောင့် သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို လှေပေါ်တင်ပြီး ခက်ခက်ခဲခဲနဲ့သုသာန်ဆီ ပို့ဆောင်ပေးနေကြတဲ့ ပရဟိတသမားတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source: Original Uploder