မသန်ပေမယ့် စွမ်းတာကြောင့် ဖခင်အတွက်ဆို အရာရာပေးဆပ်ရဲပြီး အောက်ဆီဂျင်တစ်အိုးရဖို့အတွက်တစ်နေကုန်လိုက်ရှာခဲ့တဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယို

//s9.kh1.co/b8/b820f703c399b61867be3893a2d860bf46d03ae1.jpeg
နေ့စဉ်သတင်းများ

 ၂၉-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မသန်ပေမယ့် စွမ်းတာကြောင့် ဖခင်အတွက်ဆို အရာရာပေးဆပ်ရဲပြီး အောက်ဆီဂျင်တစ်အိုးရဖို့အတွက်တစ်နေကုန်လိုက်ရှာခဲ့တဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယို

လက်ရှိကိုဗစ်အခြေအနေမှာတော့ သားသမီးတွေက မိမိတို့ရဲ့မိဘတွေ ကိုဗစ်ကူးစက်ခံလိုက်ရတဲ့အခါအစစအရာရာ သေချာဂရုစိုက်ပေးကြတာဖြစ်ပါတယ်။မိသားစုဝင်တွေရဲ့ ပြုစုမှုကြောင့် တချို့ကိုဗစ်လူနာတွေလည်း ရောဂါသက်သာပျောက်ကင်းလာကြတာတွေလည်း ရှိပါတယ်။တချို့ကိုဗစ်လူနာတွေကတော့ အောက်ဆီဂျင်ကျလာပြီး အောက်ဆီဂျင်အိုးနဲ့ရှူနေရတဲ့အခြေအနေတွေရှိပါတယ်။မိသားစုဝင်တွေကတော့ အောက်ဆီဂျင်အိုးရဖို့အတွက်လည်း နေရာအနှံ့ရှာဖွေရပြီး တချို့နေရာတွေမှာဆိုရင် စျေးကြီးပေးဝယ်ရတာတောင်ရှိပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc

မနေ့ကဆိုရင်တော့ မန္တလေးမြို့၊တံတားဦးမှာ နေထိုင်တဲ့ ပြည်သူတစ်ဦးက သူ့ရဲ့ဖခင်အတွက် အောက်ဆီဂျင်ကိုတစ်နေ့လုံး မနားမနေလိုက်ရှာနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြည်သူကတော့ အောက်ပိုင်းမသန်ပေမယ့် စွမ်းဆောင်ရည်ရှိလို့ ဖခင်အတွက် နံနက် (၆)နာရီကတည်းက အောက်ဆီဂျင်ပေးတဲ့နေရာတွေကို ဆိုင်ကယ်လေးမောင်းပြီး ရလိုရငြားသွားခဲ့တာဖြစ်ပါတယ်။ညကတည်းက တစ်ရေးမှမအိပ်၊ထမင်းလည်းမစားဘဲ အောက်ဆီဂျင်လိုက်ရှာခဲ့ပေမယ့် ဟိုလူကမောင်းထုတ်၊ဒီလူကနှင်ထုတ်နဲ့လည်း ကြုံခဲ့ရပါတယ်။

Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc

နေရာစုံကိုရောက်ခဲ့တဲ့ အဲ့ဒီပြည်သူကတော့ နောက်ဆုံးအောက်ဆီဂျင်မရတော့လို့ သီရိဆင်ကာလူမှုကူညီရေးအသင်း၊အမရပူရမြို့ကို ညနေဘက်ရောက်မှ ဆက်သွားခဲ့တာဖြစ်ပါတယ်။လူမှုကူညီရေးအသင်းက အဖွဲ့တွေကလည်း ဖခင်အတွက် ဇွဲကောင်းလွန်းတဲ့ အဲ့ဒီပြည်သူကို ကိုယ်ချင်းစာနာပြီး သူလိုချင်တဲ့ အောက်ဆီဂျင်ကိုပေးခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး စေတနာရှေ့ထားပြီး ကူညီပေးတဲ့ လူမှုကူညီရေးအသင်းကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်။မိဘအတွက်ဆို အရာရာပေးဆပ်ရဲတဲ့ အဲ့ဒီပြည်သူရဲ့စိတ်ဓာတ်ကို လေးစားမိလို့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc
Photo Credit:Phoe Thin Gyan’s Fb acc

Source:Phoe Thin Gyan’s Fb acc

Video Credit:Phoe Thin Gyan’s Fb acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T