ရုတ်တရက် နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ သရုပ်ဆောင် နိုင်ထက်ဦးနဲ့ ပတ်သက်ပြီး စိတ်မကောင်းစွာ ဖွင့်ဟလာခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/69/69bc79dcac018457649995fc0d5bbe204795201f.jpg
အနုပညာရှင်များ

 ၂၉-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိ ကူးစက်ပြန့်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းမှာ ရောဂါဆိုးကြီးကြောင့် ကျွန်တော်တို့ ချစ်ရတဲ့ မိသားစုဝင်၊ အသိမိတ်ဆွေ နဲ့ ရင်းနှီးသူတွေဟာ အချိန်ခဏလေးအတွင်းမှာ နှုတ်ဆက်ထွက်ခွာ သွားကြတာ တွေ့မြင်နေရပါတယ်။ ဒါ့အပြင် အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တချို့လည်း ယခု ကိုဗစ်တတိယလှိုင်းမှာ ဆုံးပါးသွားခဲ့ကြပါတယ်။ ယခုမှာလည်း တစ်ချိန်တုန်းက မြန်မာဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ပြီး အောင်မြင်မှုတွေရရှိခဲ့သူတစ်ဦးဖြစ်တဲ့ မင်းသား နိုင်ထက်ဦးဟာ ကိုဗစ်ရောဂါဖြစ် ကဝမြို့ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 

နိုင်ထက်ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲက ကဝမြို့က ဆေးရုံမှာ ရောဂါပြင်းထန်မှုကြောင့် တက်ရောက်ကုသနေတာ ဖြစ်ပါတယ်။ ဇူလိုင်လ (၂၇)ရက်နေ့ ညပိုင်းလောက်မှာတော့ အောက်ဆီဂျင်ထိုးကျပြီး စိတ်မကောင်းစွာနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ နိုင်ထက်ဦးက ယခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။

Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 
Photo Credit - Original Upload 

နိုင်ထက်ဦး ကွယ်လွန်သွားခဲ့တာကြောင့် ချစ်ရတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကလည်း ဝမ်းနည်ကြွေကွဲရပြီး စိတ်မကောင်းစွာဖြစ်ကြတာကို တွေ့ရပါတယ်။ စိတ်မကောင်းဖြစ်ကြတဲ့ အထဲမှာ မင်းသား ဝေဠုကျော်ကလည်း နိုင်ထက်ဦး ကွယ်လွန်တာ နဲ့ပတ်သက်ပြီး သူရဲ့ လူမှုကွန်ယက်မှာ ဝမ်းနည်းကြွေကွဲကာ ရေးသားဖော်ပြထားခဲ့ပါတယ်။ နိုင်ထက်ဦး ကွယ်လွန်သွားခဲ့တာကြောင့် Myanmarload ကလည်း ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုကတိလားပါစေလို့ ဆုတောင်းပေးရင်း ဝေဠုကျော်ရဲ့ စိတ်မကောင်းစွာ ရေးသားခဲ့တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Wai Lu Kyaw fb account
Photo Credit - Wai Lu Kyaw fb account
Photo Credit - Wai Lu Kyaw fb account
Photo Credit - Wai Lu Kyaw fb account

သတင်း အရင်းအမြစ်Source - Wai Lu Kyaw fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T