တတိယလှိုင်း ကိုဗစ်ဒဏ်ကို မြန်မာနိုင်ငံသားတွေအနေနဲ့ အတော်လေး ရင်ဆိုင်နေရပြီး ခက်ခက်ခဲခဲလည်း အားတင်းဖြတ်သန်းနေရပါတယ် ။ ဒီလို အချိန်တွေမှာ ကိုဗစ်နဲ့ ပတ်သတ်တဲ့ ကိစ္စအဝဝကို ပရဟိတ သူရဲကောင်းတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။ နေ့ကော ညကော PPE တွေကို ပူလောင်စွာဝတ်ဆင်ပြီး သွားလာလှုပ်ရှားနေရတာ ဘယ်လောက်တောင် အနေကျပ်မလည်းကိုယ်ချင်းစာမိတာ အမှန်ပါပဲ ။
မနေ့ကဆိုရင်လည်း ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူနာတစ်ဦးကို လယ်ကွင်း အကျယ်ကြီးတွေကို ဖြတ်ပြီး သွားရောက် သယ်ဆောင် ကူညီပေးခဲ့ကြတဲ့ ပုံရိပ်တွေ ပျံ့နှံ့ခဲ့ပါတယ် ။ မိုးတွေလည်း ရွာနေသလို ရွှံ့နွံတွေကို ဖြတ်ပြီး ခက်ခက်ခဲခဲ သွားရောက် ကူညီခဲ့ရတာကို ပုံတွေထဲမှာ တွေ့မြင်ရမှာပါ ။ ဖြတ်သွားရတဲ့ လယ်ကွင်းတွေ ဝေးလား မဝေးလား လူနာတင်ကား အနားလည်း ရောက်ရော လမ်းပေါ်တင် အလောင်းဘေး အိပ်လှဲချနေတာ စိတ်မကောင်းစရာ မြင်ကွင်း တွေပါပဲ ။
ဒီပုံရိပ်တွေကပဲ ပြည်သူတွေရဲ့ ရင်ကို ထိမှန်စေခဲ့တာ အမှန်ပါပဲ ။ အရာရာကို စွန့်လွှတ်ပြီး ပြည်သူတွေ အတွက် ကူညီပေးနေကြတဲ့ သူတွေလေးတွေကတော့ တတိယလှိုင်းကိုဗစ်ကာလမှာ တကယ်ကို ထိပ်ဆုံးက သူရဲကောင်းတွေပါ ။ ပရိသတ်ကြီးအတွက် လယ်ကွင်းတွေကို ဖြတ်ပြီး ရုပ်အလောင်းကို ခက်ခဲစွာ သယ်ဆောင်လာတဲ့ ပရဟိတ သူရဲကောင်းတွေရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။