တောတောင်တွေထဲမှာ ထောက်ပံ့မှုတွေမရှိဘဲ ခက်ခက်ခဲခဲ နေထိုင်စားသောက်နေရတဲ့ လက်ရှိအခြေအနေတွေကို ရင်ဖွင့်လာခဲ့တဲ့ GZ လူငယ်တစ်ဦး

//s9.kh1.co/d0/d0c0fa96294e8a8a6e5afe862f20ac79e9d6a3a3.jpg
နေ့စဉ်သတင်းများ

 ၂၉-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီမိုကရေစီကို လိုလားကြတဲ့ GZလူငယ်တွေကတော့ ယနေ့အချိန်ထိ အာဏာရှင်လူတစ်စုကို နည်းမျိုးစုံဖြင့် ဆန္ဒပြလှုပ်ရှားနေကြတာ တွေ့နေရပါတယ်။ တချို့ GZလူငယ်တွေကတော့ အရေးတော်ပုံအောင်မြင်အတွက် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ရန် လွတ်မြောက်ဒေသတွေမှာ စစ်သင်တန်းများ တက်ရောက်သင်ကြားနေကြတာ တွေ့မြင်နေရပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် တန်ဖိုးရှိတဲ့ အရာတွေကို စွန့်ခွာပြီး တောတောင်တွေထဲမှာ ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

စစ်ပညာများသင်ကြားအချိန် အမိုးအကာ မစုံတဲ့ တဲအိမ်လေးတွေထဲမှာ ဖြစ်သလို နေထိုင်ကြရသလို ဆာလောင်မှုတွေကို ခဏတာဖြည့်ဆည်းနိုင်အောင် တောတောင်တွေထဲမှာ သဘာဝအလျောက် ပေါက်ရောက်တဲ့ အသီးအရွက်တွေကို ခက်ခက်ခဲခဲ ရှာဖွေခူးပြီး ချက်ပြုတ်စားသောက်နေကြရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို ခက်ခဲကြမ်းတမ်းတဲ့ တောတောင်တွေထဲမှာ စစ်သင်တန်းတက်နေတဲ့ သူတို့ရဲ့လှုပ်ရှားမှုတွေကိုလည်း ချစ်တဲ့ပြည်သူကို လူမှုကွန်ယက်မှာ မကြာခဏဖော်ပြပေးတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာလည်း တောတောင်တွေထဲမှာ စစ်သင်တန်း သင်ကြားနေတဲ့ GZ လူငယ်တစ်ဦးက သူ့ရဲ့ လူမှုကွန်ယက်မှာ လက်ရှိကြုံတွေ့နေရတဲ့ သူတို့ရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်လာခဲ့တာ တွေ့ရပါတယ်။ "ကျွန်တော်တို့မှာ လူအင်အားလည်းများတယ် အခုချိန်ထိ NUG ရဲ့ထောက်ပံ့မှု အနေနဲ့ သကြားလုံး နှစ်ထုပ်သာ ရခဲ့ဖူးတယ် အဖွဲ့အစည်းအများနဲ့ အလုပ်လုပ်နေတဲ့အတွက်လည်း နားလည်ပါတယ်.. NUG ကိုနေရာတိုင်းထိတော့ မရောက်နိုင်သေးဘူးဆိုတာ အခုချိန် အကုန်လုံး ခက်ခဲနေကြတဲ့အချိန်ဆိုတာလည်း နားလည်ပါတယ်.. ဒါမယ့်ကျွန်တော်တို့လည်း အတော်ခက်ခဲနေကြပြီ မိုးအရမ်းရွာသွန်းနေလို့ သောက်ရေအတွက် စိတ်ပူရတော့မယ် တောထဲက စားသောက်လို့ရတဲ့ အသီးအရွက်တွေလည်း ကုန်သလောက် ဖြစ်နေပြီ ရေတွေအရမ်းတက်လာတော့ တဲနှစ်လုံးလည်း ဆုံးရှူံးလိုက်ရပြီ ရေထပ်တက်လာရင် စခန်းရွှေ့ရမယ့် အနေအထားထိဖြစ်လာပြီ လက်နက်ရှိနေဖို့ထက် ကျွန်တော်တို့မှာ ခံနိုင်ရည်ရှိပြီး သန်မာနေဖို့လဲလိုအပ်ပါသေးတယ် တစ်နေ့ကို ထမင်းနှစ်နပ် ပဲအားကိုးစားကြရတဲ့ ရဲဘော်တွေ ဖြစ်သလိုနေထိုင် လာကြရတာ အတော်ကြာပြီ..." ဆိုပြီး ရေးသားပြောပြလာခဲ့တာ တွေ့ရပါတယ်။ ဒီလို ခက်ခက်ခဲခဲ နေထိုင်စားသောက်ရတဲ့ တောတောင်ထဲက GZလူငယ်တွေရဲ့ လက်ရှိအခြေအနေတွေကို ကြားသိရတဲ့အတွက် များစွာစိတ်မကောင်း ဖြစ်ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T