အလံထောင်ထားတဲ့ အိမ်တွေနဲ့ သက်ကြီးဘိုးဘွားတွေကို လှူဒါန်းရန် စားချင်စဖွယ် ဟင်းမျိုးစုံကို ပြင်ဆင်နေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/23/23ea60ab1fb76a34f82d8a6ba81fd8ed075950ef.jpeg
နေ့စဉ်သတင်းများ

 ၂၉-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

ဒီလိုကာလတွေမှာ လူတိုင်းကတော့ ကိုယ့်အခက်အခဲ ကိုယ်စီရှိကြစမြဲပါ ။ ဒါပေမယ့်လည်း ပြည်သူမှာ ပြည်သူပဲ ရှိနေရတဲ့ အချိန်မို့ တစ်ဦး တစ်ယောက်စီတိုင်း ကိုယ်တတ်နိုင်တဲ့ နေရာတွေကနေပါဝင်ပြီး ကူညီ လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ် ။ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သတ်ပြီးလည်း လိုအပ်တာတွေ လှူဒါန်းပေးကြသလို ကိုဗစ်ကာလမှာလည်း အစားအသောက် ၊ ဆေးဝါး ၊ အောက်ဆီဂျင် စတာတွေကို ထောက်ပံ့ကူညီကြတာတွေ့ရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ခုလို ကိုဗစ်ကြောင့် တော်တော်များများ နေမကောင်းချိန်တွေမှာလည်း တစ်ချို့အိမ်တွေဆို အလံလေးတွေ ထောင်ကာ အစားအသောက် နဲ့ ဆေးဝါးတွေ အကူအညီတောင်းခံလာကြတာကိုတွေ့ရပါတယ်။ စေတနာ အလှူရှင်တွေကလည်း အကူအညီ တောင်းခံသမျှ အိမ်တွေကို ဘယ်လောက်ဝေးဝေး ခက်ခက်ခဲခဲ သွားရောက် ပို့ဆောင်ပေးကြတဲ့ ပုံရိပ်တွေက တကယ်ကို ကြည်နူး ပီတိဖြစ်စရာကောင်းလောက်အောင်ပါပဲ ။ 

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုလည်း ပြည်သူတစ်ဦးက အလံထောင်ထားတဲ့ လူနာအိမ်တွေနဲ့ သက်ကြီးဘိုးဘွားတွေ အတွက် စားချင်စဖွယ် ဟင်းမျိုးစုံကို လှူဒါန်းပေးရန် ပြင်ဆင်နေတဲ့ ပို့စ်လေးတစ်ခုကို တွေ့ရပါတယ် ။ ဟင်းတွေကဖွယ်ဖွယ်ရာရာနဲ့ ငပိရည်က အစ ပါဝင်ပြီး သေသေချာချာလေး လုပ်ကိုင်နေတာ တကယ်ကို လေးစားစရာပါပဲ ။ ပရိသတ်ကြီးအတွက် ထမင်းဟင်းတွေ ဝေငှရန် ပြင်ဆင်နေတဲ့ ပြည်သူတစ်ဦးရဲ့ ပုံရိပ်တွေကို ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T