ရုတ်တရက်ရေကြီးမှုကြောင့် ကိုဗစ်လူနာတွေကိုအမြန်ကယ်တင်နိုင်ခဲ့ပေမယ့် အခက်အခဲတစ်ချို့ကြုံတွေ့လိုက်ရတဲ့ မြဝတီက ပရဟိတသမားများ

//s9.kh1.co/0e/0e0d93d6c9a668711662e9c96702ee42f2e4b87b.jpg
နေ့စဉ်သတင်းများ

 ၂၉-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ရုတ်တရက်ရေကြီးမှုကြောင့် ကိုဗစ်လူနာတွေကိုအမြန်ကယ်တင်နိုင်ခဲ့ပေမယ့် အခက်အခဲတစ်ချို့ကြုံတွေ့လိုက်ရတဲ့ မြဝတီက ပရဟိတသမားများ

မြန်မာပြည်သူတွေကတော့ ဒုက္ခတွေမျိုးစုံကို ရင်ဆိုင်နေရတာဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်မှုတွေ​ကို အနိုင်နိုင်ထိန်းချုပ်နေရချိန် ရေကြီးရေလျှံမှုတွေပါ ဖြစ်ပေါ်နေတာကြောင့် ဒုက္ခတွေရောက်နေကြပါတယ်။ မိုးတွေဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတာကြောင့် ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေဟာလည်း သွားရေးလာရေးအဆင်မပြေတဲ့ အခက်အခဲတွေကို ကြုံတွေ့နေရပါတယ်။ ယနေ့Julyလ(29)ရက်နေ့မှာတော့ မြဝတီမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဝင်လာပြီး ရေတွေရုတ်တရက်တက်လာတာကြောင့် ပြည်သူအများအပြားနဲ့ ကိုဗစ်လူနာတွေ ဒုက္ခရောက်သွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ရေတွေက ရွှေမြဝတီကိုဗစ်စင်တာထဲအထိ ဝင်ရောက်လာတာကြောင့် ကုသမှုခံယူနေတဲ့ကိုဗစ်လူနာတွေကို ပရဟိတသမားတွေဟာ ဘေးလွတ်ရာသို့ အမြန်​ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ရေတွေက ရုတ်တရက်ဆိုသလို အမြန်တက်လာတာကြောင့်ပရဟိတသမားတွေက ကိုဗစ်လူနာတွေကိုသာ အမြန်ကယ်တင်နိုင်ခဲ့ပြီး အိပ်ရာများ၊စောင်များ၊ဆေးဝါးများနဲ့စားသောက်ဖွယ်ရာများကတော့ ရေနဲ့မျောပါသွားကာ ဆုံးရှုံးခဲ့ရပါတယ်။ ဆေးဝါးပစ္စည်းတွေ ဝယ်ရခက်ခဲတဲ့အချိန်မှ အခုလိုရေနဲ့မျောပါသွားတာကြောင့် အခက်အခဲတစ်ချို့နဲ့ ရင်ဆိုင်နေရပြီး အဆိုပါပစ္စည်းတွေကို ခက်ခက်ခဲခဲနဲ့ပြန်လည်ဝယ်ယူရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်တစ်ဦးကတော့ " (၂၉-၇-၂၀၂၁) ကြာသပတေးနေ့ နံနက်(၂) နာရီမှစ၍မိုးသည်းထန်ခြင်းကြောင့် နံနက်(၄)နာရီတွင်တောင်ကျရေများရုတ်တရက်စီးဝင်လာသဖြင့်ရွှေမြဝတီကိုဗစ်စင်တာမှလူနာများအားကုန်းမြင့်ဆောင်နေရာသို့အမြန်ရွှေ့ပြောင်းခဲ့ရ။လူနာများအားအချိန်မှီရွှေ့ပြောင်းနိုင်ခဲ့သော်လည်းအိပ်ရာစောင်များ၊ဆေးဝါးများ၊စားဖိုနှင့်စတိုမှပစ္စည်းများ၊စားသောက်ဖွယ်ရာများမျောပါဆုံးရှုံးခဲ့ပြီးရေပိုက်များကျိုးပဲ့ပျက်စီးခဲ့ရပါသည် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ကိုဗစ်လူနာတွေကို ခက်ခက်ခဲခဲနဲ့ ရွှေ့ပြောင်းပေးနေရတဲ့ ပရဟိတသမားတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T