အခန်းငှားခ မပေးနိုင်လို့ နှင်ချခံလိုက်ရတာကြောင့် လမ်းဘေးမှာပဲ ဖျာခင်းပြီး ခက်ခက်ခဲခဲ နေနေရတဲ့ မိသားစုတစ်စုရဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်

//s9.kh1.co/3e/3eec5263f64158431229ef51a7200c9d10c2d035.jpeg
နေ့စဉ်သတင်းများ

 ၂၉-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

ခုလို ခေတ်ကြီးမှာ လူတိုင်းကတော့ အခက်အခဲ ကိုယ်စီ ရှိကြစမြဲပါ ။ ဆင်းရဲနွမ်းပါးသူတွေဆိုရင် ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရသူတွေမို့ ပိုလို့တောင် စိတ်သောကတွေ အပူအပင်တွေ ရှိနေကြမှာပါ  ။ အရာရာတိုင်းကလည်း တန်ဖိုးနှုန်းတွေ မြင့်မားနေချိန်ဖြစ်သလို လက်ရှိအခြေအနေတွေကြောင့် အလုပ်အကိုင်တွေ မကောင်းကြလို့ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေအဖို့ မတွေးဝင့်စရာပါပဲ ။

Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီလို အဖြစ်တွေကို မကြည့်ရက်တဲ့ ပြည်သူတွေကတော့ အချင်းချင်း ကူညီလှူဒါန်းကာ ထောက်ပံ့ပေးမှုတွေ များစွာ လုပ်ပေးလာကြပါတယ် ။ တစ်ချို့ လူတစ်စုကြတော့လည်း အတ္တကြီးမားကြလို့ ကိုယ်အဆင်ပြေဖို့ပဲ ရှေ့တန်းတင်တတ်ပြီး နိမ့်ကျသူ အဆင်မပြေသူတွေကို  ချိုးနှိမ် ဆက်ဆံတတ်ကြတာတွေ မြင်ရတာလည်း စိတ်မကောင်းစရာတွေပါပဲ ။

Photo Credit : Original Uploader
Photo Credit : Original Uploader

အခုလည်း ညကြီး အချိန်မတော် လမ်းဘေးမှာ အဆင်မပြေမှုတွေများစွာနဲ့ နေနေရရှာတဲ့ မိသားစု တစ်စုရဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခုကိုတွေ့ရပါတယ် ။  ဒီမိသားစုက ရွှေပြည်သာ ဇီးကုန်း မြင်းလှည်းဂိတ် ပြည်တော်သာ ၁ လမ်းမှာ နေထိုင်တာဖြစ်ပြီး အခန်းလခမပေးနိုင်လို့ အိမ်ရှင်က နှင်ချခဲ့တာကြောင့် လမ်းဘေးမှာ ဖျာခင်းအိပ်နေရတယ်လို့ ပြည်သူတစ်ဦးက ပြောထားပါတယ်။ မိသားစုဝင်ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးလည်း ပါလို့ ခုလိုရောဂါတွေ ဖြစ်နေချိန်မှာ စိုးရိမ်ပူပန်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဒီမိသားစုရဲ့ စိတ်မကောင်းစရာအဖြစ်လေးကိုဝေမျှပေးရင်း အမြန်အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T