ကိုဗစ်ကူးစက်ခံထားရတဲ့ မိသားစုတွေကို ပူပန်နေတဲ့စိတ်ကြောင့် အပြေးလာရင်း ကားတိုက်ခံခဲ့ရတဲ့ ချစ်သူလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ ကျော်ထွဋ်ဆွေ

//s9.kh1.co/7b/7b38d7155e8271e2428135c1abc7caec8a1d39c3.jpeg
အနုပညာရှင်များ

 ၂၉-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

အဆိုတော်တစ်ယောက်ဖြစ်သလို မော်ဒယ်သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ နန်းသူဇာကတော့ မိသားဝင်တွေ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့အတွက် စိုးရိမ်သောကတွေနဲ့ စိတ်ပူပန်နေရပါတယ်..။

positive ဖြစ်နေတဲ့ မိခင်ဖြစ်သူကို ကိုယ်တိုင်ပြုစုစောင့်ရှောက်နေရပြီး ထပ်ကူးမှာစိုးလို့ ဖခင်နဲ့မောင်လေးကိုခွဲထားပေမယ့် မောင်လေးကပါ နေမကောင်းဖြစ်နေတာကြောင့် သွားခေါ်ရင်း လမ်းမှာ ကားဘေးတစ်ခြမ်းလုံး ကြေမွသွားအောင် ကားဖြတ်တိုက်ခံခဲ့ရတယ်လို့ သိရပါတယ်..။

Photo Credit - Nan Thu Zar's Fb Acc
Photo Credit - Nan Thu Zar's Fb Acc

ကားတိုက်မှုကြောင့် ကျော်ထွဋ်ဆွေကတော့ ချက်ချင်းလိုက်သွားခဲ့ပြီး ပူပန်မှုတွေကြောင့် face shield အောက်က မျက်ရည်လေးတွေနဲ့ ဝမ်းနည်းအားငယ်နေတဲ့ ချစ်သူလေးရဲ့အကြည့်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်လို့ နေပါတယ်..။

နန်းသူဇာက ခါးပတ်ပတ်ထားလို့ ကြီးကြီးမားမား မထိခိုက်သွားပေမယ့် ပုခုံးလည်သွားပြီး ယောင်နေတယ်ဆိုပြီးတော့လည်း ပြောပြထားသလို အိမ်ထဲထိဝင်ပြီး မကူနိုင်ခဲ့တဲ့အတွက်လည်း ကျော်ထွဋ်ဆွေက စိတ်မကောင်းဖြစ်နေတာပါ..။

Photo Credit - Nan Thu Zar's Fb Acc
Photo Credit - Nan Thu Zar's Fb Acc
Photo Credit - Kyaw Hyut Swe's Fb Acc
Photo Credit - Kyaw Hyut Swe's Fb Acc

"သူ့အမေ positive ဖြစ်လို့ 

အိမ်ကျဉ်းလေးထဲမှာ ပြုစုဖို့ခက်မယ်ဆိုပြီး

မောင်လေးနဲ့သူ့အဖေကို တစ်ခြားပို့ထားတာ။

မနေ့ကသူ့မောင်လေးပါဖျားရော။ 

အဲ့တာနဲ့ဒီနေ့ သူကိုယ်တိုင်ပဲဝတ်စုံပြည့်နဲ့ 

သူ့မောင်လေးကို အိမ်ကိုသွားပြန်ခေါ်လာခဲ့တာ

လမ်းမှာကားဘေးတစ်ခြမ်းကိုဖြတ်တိုက်ခံရတယ်။

ကျွန်တော်လည်း ချက်ချင်းလိုက်သွားရတယ်။ 

ဘယ်လောက်တောင် pressure တွေပိထားလည်းမသိဘူး။ သူ့ face shield အောက်က မျက်ရည်လေးတွေ နဲ့ အကြည့်ကို အခုထိ မြင်ယောင်တုန်းပဲ။ 

?? လူက ခါးပါတ်ပါတ်ထားလို့ 

ဘာမှ မဖြစ်သွားဘူးဆိုပေမယ့် 

ပုခုံးတော့နဲနဲလည်သွားတယ်ထင်တယ်။ ယောင်နေတယ်။

ကားကတော့ တစ်ခြမ်းနီးပါးကြေသွားတယ်။

ကျွန်တော်လည်း အခု အိမ်မှာ လူကြီးတွေရော ကလေးတွေရော ရှိလို့ isolation လုပ်ရပါပြီ။ 

သဲလေးရေ… အဆိုးတွေ ကြိမ်းကြေသွားတယ်ပဲ မှတ်လိုက်ပါ။ you are stronger than me. ????? 

I hate this July. ?.." ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်..။

မိသားစုကျန်းမာရေးအတွက် ပူပန်နေရှာတဲ့ ချစ်သူလေးရဲ့ လတ်တလောအခြေအနေတွေကို ပြောပြထားတာဖြစ်ပြီး ပရိသတ်တွေကလည်း နန်းသူဇာအတွက် ဆုတောင်းအားပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - Kyaw Hyut Swe's Fb Acc
Photo Credit - Kyaw Hyut Swe's Fb Acc

သတင်း အရင်းအမြစ်Kyaw Hyut Swe's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T