ရေဘေးသင့်ပြည်သူတွေအတွက် ကူညီပေးရင်း ထမင်းစားနားချိန်မှာ ရှိတာလေးနဲ့မြိန်ရေယှက်ရေ စားသောက်နေကြတဲ့ လုပ်အားပေးလူငယ်အဖွဲ့

//s9.kh1.co/4f/4fb3a7596b8789bfca42047516cb9147b1745e8c.jpeg
နေ့စဉ်သတင်းများ

 ၂၉-လိုင်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ရေဘေးသင့်ပြည်သူတွေအတွက် ကူညီပေးရင်း ထမင်းစားနားချိန်မှာ ရှိတာလေးနဲ့မြိန်ရေယှက်ရေ စားသောက်နေကြတဲ့ လုပ်အားပေးလူငယ်အဖွဲ့

လက်ရှိမှာတော့ မြန်မာပြည်အောက်ပိုင်းဒေသတွေမှာဆိုရင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ရေကြီး၊ရေလျှံမှုတွေ ဖြစ်ပွါးနေတာဖြစ်ပါတယ်။တချို့နေရာတွေမှာဆိုရင် အိမ်ခေါင်မိုးလေးပဲကျန်တော့တဲ့အထိ ရေကြီးနေတာကြောင့် ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရတာဖြစ်ပါတယ်။ဒုက္ခအခက်အခဲမျိုးစုံကို တစ်မျိုးပြီးတစ်မျိုးရင်ဆိုင်နေရတဲ့ မြန်မာပြည်သူလူထုကလည်း ရေဘေးသင့်ပြည်သူတွေကို ဝိုင်းဝန်းကူညီပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ရေဘေးသင့်နေရာတွေမှာ ကယ်ဆယ်ရေးအဖွဲ့တွေလည်းရှိပြီး ပြည်သူတွေရဲ့အသက်ကိုကယ်တင်စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။ကိုယ်တိုင်သွားရောက်မကူညီနိုင်တဲ့ ပြည်သူတွေကလည်း ငွေကြေးဒါနနဲ့ တတ်နိုင်သလောက်လှူဒါန်းကြတာဖြစ်ပါတယ်။မွန်ပြည်နယ်၊ကျိုက်မရောမြို့မှာဆိုရင် လုပ်အားပေးလူငယ်လေးတွေကရေဘေးသင့်ပြည်သူတွေအပေါ် စေတနာအပြည့်ထားနေကြတာဖြစ်ပါတယ်။အလှူရှင်တွေရဲ့ အလှူဒါနဖြစ်မြောက်အောင်လို့လည်း လူငယ်လေးတွေက ကူညီပေးကြတာဖြစ်ပါတယ်။

Photo Credit:ရွှေပါရမီပညာဒါန-ထိုင်းနိုင်ငံ
Photo Credit:ရွှေပါရမီပညာဒါန-ထိုင်းနိုင်ငံ
Photo Credit:ရွှေပါရမီပညာဒါန-ထိုင်းနိုင်ငံ
Photo Credit:ရွှေပါရမီပညာဒါန-ထိုင်းနိုင်ငံ

ကျိုက်မရောမြို့နယ်မှာ ရေဘေးအလှူအတွက် ဝိုင်းဝန်းကူညီပေးကြတဲ့ လုပ်အားပေးအဖွဲ့လူငယ်လေးတွေက အားတဲ့အချိန်လေးမှာ ထမင်းစားနားကြတာဖြစ်ပါတယ်။ထမင်းစားတဲ့အခါမှာလည်း အားလုံးအတူတူစုပေါင်းပြီး ရှိတဲ့ဟင်းလေးနဲ့ မြိန်ရေယှက်ရေစားသောက်ကြတာဖြစ်ပါတယ်။အခုလိုမျိုး ပြည်သူတွေကို ကူညီပေးဖို့အတွက်ခွန်အားပြည့်အောင် အာဟာရဖြည့်တင်းရင်း ပျော်ရွှင်နေကြတဲ့ လူငယ်လေးတွေရဲ့ ပုံရိပ်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:ရွှေပါရမီပညာဒါန-ထိုင်းနိုင်ငံ
Photo Credit:ရွှေပါရမီပညာဒါန-ထိုင်းနိုင်ငံ
Photo Credit:ရွှေပါရမီပညာဒါန-ထိုင်းနိုင်ငံ
Photo Credit:ရွှေပါရမီပညာဒါန-ထိုင်းနိုင်ငံ

Source&Photo Credit:ရွှေပါရမီပညာဒါန-ထိုင်းနိုင်ငံ

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T