ရုပ်အလောင်းကို ယနေ့အချိန်ထိပြန်မပေးတာကြောင့် Dead Bodyမပါဘဲ ပြုလုပ်ခဲ့ရတဲ့ သူရဲကောင်းမသူသူဇင်ရဲ့စျာပနအခမ်းအနားမြင်ကွင်း

//s9.kh1.co/94/94c11f7239c37dadfa98c343a483911b205cd3c0.jpg
နေ့စဉ်သတင်းများ

 ၂၉-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ရုပ်အလောင်းကို ယနေ့အချိန်ထိပြန်မပေးတာကြောင့် Dead Bodyမပါဘဲ ပြုလုပ်ခဲ့ရတဲ့ သူရဲကောင်းမသူသူဇင်ရဲ့စျာပနအခမ်းအနားမြင်ကွင်း

ပြီးခဲ့တဲ့ Julyလ(27)ရက်နေ့က မန္တလေးမြို့မှာ မြတောင်သပိတ်စစ်ကြောင်းဆင်နွှဲနေတုန်း ပစ်ခတ်ဖြိုခွင်းခံလိုက်ရပြီး ပြည်သူ(၃)ဦးကျည်ထိမှန်ခဲ့ပါတယ်။ ကျည်ထိမှန်ခဲ့တဲ့ ပြည်သူတွေထဲ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မသူသူဇင်တစ်ယောက်ပါဝင်ခဲ့ပြီး ဦးခေါင်းကျည်ထိမှန်ခဲ့ကာ နေရာမှာပင်ပွဲချင်းပြီး အသက်သေဆုံးသွားခဲ့ရပါတယ်။ ကျဆုံးသွားတဲ့ သူရဲကောင်းမသူသူဇင်ဟာ စစ်အာဏာရှင်အလိုမရှိကြောင်း ထုတ်ဖော်ပြသတဲ့ မန္တလေးက ဆန္ဒပြပွဲတွေမှာ ရဲရဲရင့်ရင့်နဲ့တက်တက်ကြွကြွပါဝင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

နောက်ဆုံးအချိန်ထိ အာဏာရှင်ကိုတွန်းလှန်ခဲ့ပြီး  အာဇာနည်သွေးအပြည့်ပါတဲ့ မသူသူဇင်တစ်ယောက် ကျဆုံးသွားလို့ ပြည်သူတွေက ဝမ်းနည်းပူဆွေးနေကြပါတယ်။ သူရဲကောင်းမသူသူဇင်ရဲ့ ရုပ်အလောင်းကိုတော့ ယနေ့အချိန်အထိမိသားစုထံ ပြန်မပေးသေးကြောင်း စိတ်မကောင်းစွာနဲ့ သိရှိရပါတယ်။ ယနေ့Julyလ(29)ရက်နေ့မှာတော့ အာဏာရှင်ကို ရရာနည်းလမ်းနဲ့တွန်းလှန်ရင်း ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းမသူသူဇင်ရဲ့ စျာပနအခမ်းအနားကို မန္တလေးသပိတ်ပေါင်းစုံက ရဲဘော်ရဲဘက်တွေက ပြုလုပ်ပေးခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

သူရဲကောင်းမသူသူဇင်ရဲ့ ရုပ်အလောင်းကို ပြန်မ​ပေးတာကြောင့် Dead Bodyမပါဘဲ စျပနာကို ကျင်းပပြုလုပ်ခဲ့ရတာဖြစ်ပြီး ပြည်သူတွေကတော့ ဝမ်းနည်းဆို့နစ်စရာ​ကောင်းတဲ့ စျာပနာအခမ်းအနားပုံရိပ်လေးတွေကို ကြည့်ကာ ဝမ်းနည်းနေခဲ့ပါတယ်။မြန်မာပြည်သူတွေကတော့ အခုလိုပစ်ခတ်ခံရမှုတွေရှိနေပေမယ့်လည်း မကြောက်ရွံကြဘဲ အာဏာရှင်ဆန်ကျင့်တဲ့ သပိတ်စစ်ကြောင်းတွေကို ဆက်လက်ပြုလုပ်နေကြတာဖြစ်ပါတယ်။ မသူသူဇင်ရဲ့ စျာပနအခမ်းအနားကို စိတ်မကောင်းခြင်းတွေများစွာနဲ့ လာရောက်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T