ပြည်သူတွေအဆင်ပြေဖို့အတွက် ကြက်ဥ ၁၀လုံး ငါးရာကျပ်နဲ့ရောင်းချပေးခဲ့တဲ့ မန္တလေးတီးမြို့တော်မှ ၀န်ထမ်းများ

//s9.kh1.co/d4/d419588b9f171e951170c0fa51dadfad3f0a6640.jpg
နေ့စဉ်သတင်းများ

 ၂၉-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကူးစက်မှုတွေတစ်ကျော့ပြန်လည်ဖြစ်ပေါ်နေတဲ့ ကိုဗစ် Third waveရဲ့အရှိန်ကြောင့် မြန်မာပြည်သူအတော်များများလည်းကူးစက်ခံနေရပြီး အနုပညာရှင်အချို့လည်းကူးစက်ခံနေရကာ အသက်ဆုံးရှုံးမှုတွေအထိဖြစ်ပေါ်နေတာဖြစ်ပါတယ်။ ကိုဗစ်ကို ကုသဖို့အတွက်ဆေးမရှိတာကြောင့် ကိုယ်ခံအားအောင်ကြိုးစားနေကြရပြီး အာဟာရဓာတ်ပြည့်ပြည့်၀၀စားသောက်နေကြဖို့အရေးကြီးလှပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader

ကြက်ဥမှာအာဟာရဓာတ်ပြည့်ပြည့်၀၀ပါ၀င်တာကြောင့် လတ်တလောမှာဆိုရင်၀ယ်ယူသူတွေများနေပြီး ကြက်ဥဈေးတွေတက်ကာ လူတိုင်းမ၀ယ်နိုင်ဖြစ်နေကြရတဲ့ပြည်သူတွေလည်း များလာနေဝာာကို တွေ့ရပါတယ်။ အခုလိုအခက်အခဲတွေဖြစ်ပေါ်နေကြတဲ့ ပြည်သူတွေအဆင်ပြေဖို့အတွက် ကြက်ဥတွေ ဈေးသက်သက်သာသာနဲ့ရောင်းချပေးနေကြတဲ့သူတွေလည်း ရှိသလို လှူဒါန်းနေကြတဲ့ သူတွေလည်းတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မကြာသေးမီကလည်း မန္တလေးတီးမြို့တော်ဆိုင်ဟာ ပြည်သူတွေအဆင်ပြေဖို့အတွက် ကြက်ဥ ၁၀လုံး ငါးရာကျပ်နဲ့ရောင်းချပေး‌ခဲ့တာတွေ့ရပါတယ်။ အခုလိုဈေးသက်သက်သာသာနဲ့စီစဉ်ပေးခဲ့တာကြောင့် ပြည်သူတွေလည်း အများအပြားလာရောက်၀ယ်ယူခဲ့ကြဝာာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T