စကားလည်းမ​ပြောနိုင် အကြားအာရုံလည်းချို့ယွင်း​နေတဲ့ အဖွားအိုတစ်ဦးကို အောက်ဆီဂျင်သွားပို့ပြီး အသက်ကယ်ခဲ့တဲ့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူ

//s9.kh1.co/e0/e03f63927376d9c9b41a64808ed1f189df8abe70.jpeg
အနုပညာရှင်များ

 ၂၉-လိုင်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင် စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ဦးကတော့ Covid တတိယလှိုင်းမှာလည်း ပြည်သူတွေအတွက် ရပ်တည်ပြီး တတ်နိုင်သလောက် ဖေးမကူညီနေကြတာ ဖြစ်ပါတယ်..။

​အနုပညာရှင်ဖြစ်သလို ဆရာဝန်တစ်ယောက်လည်း ဖြစ်တဲ့ စိန်ဖြိုးလှိုင်ကတော့ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်တွေ လှူဒါန်းကူညီနေသလို ကျန်းမာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း နေ့မနားညမနား ဖြေကြားပေးနေသူလည်း ဖြစ်ပါတယ်..။

Photo Credit - SEIN PHYO & YI YI's Fb Page
Photo Credit - SEIN PHYO & YI YI's Fb Page

ဒီကနေ့မှာလည်း စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ဟာ စကားလည်းမ​ပြောနိုင် အကြားအာရုံလည်းချို့ယွင်း​နေပြီး အရေးပေါ်အောက်ဆီဂျင်လိုအပ်နေတဲ့ အဖွားအိုတစ်ဦးကို အောက်ဆီဂျင်သွားပို့ပြီး အသက်ကယ် ကူညီဖေးမခဲ့ပြန်ပါတယ်..။

အောက်ဆီဂျင်ဌားရမ်းထားတဲ့ ပထမလူနာအိမ်က တစ်အိမ်လုံးမိန်းမသားတွေပဲဖြစ်ပြီး အလံဝါလည်းထောင်ထားတာကြောင့် ကိုယ်တိုင်သွားပြန်ယူကာ အဖွားအတွက် အောက်ဆီဂျင်သွားပို့ပေးခဲ့ကြတာ ဖြစ်ပါတယ်..။

Photo Credit - SEIN PHYO & YI YI's Fb Page
Photo Credit - SEIN PHYO & YI YI's Fb Page
Photo Credit - SEIN PHYO & YI YI's Fb Page
Photo Credit - SEIN PHYO & YI YI's Fb Page

"ပုံမှန်အားဖြင့်​​တော့ ​အောက်စီဂျင်စက်ငှားတဲ့ခါ

​ရှေ့လူနာဆီမှာ ​နောက်လူနာက သွားယူပြီး အလဲအလှယ်လုပ်ကြပါတယ်... 

အခု လူနာက​တော့ အလံအဝါ​ထောင်ထားပြီး

တအိမ်လုံး မိန်းမသား​တွေကြီးပဲ 

အကုန်​နေမ​ကောင်းဖြစ်​နေကြတယ်တဲ့..

​အောက်ဆီဂျင်လို​နေတဲ့ အဘွားကလည်း

စကားလည်းမ​ပြောနိုင်သလို အကြားအာရုံလည်းချို့ယွင်း​နေတာ​ကြောင့်...

ကိုယ်တိုင်ပဲ သွားပို့​ပေးခဲ့ပါတယ်... 

အဘွား​နေပြန်​ကောင်းပြီဆိုတဲ့ သတင်း​လေးလည်း အမြန်ဆုံး ကြားရပါ​စေ...???.." ဆိုပြီး ဝေမျှပြောပြထားတာပါ..။

လက်ရှိကာလတွေမှာ လိုအပ်နေတဲ့ပြည်သူတွေအတွက် ကိုယ်ကျိုးစွန့်ကာ တတ်နိုင်သလောက်ကူညီနေတဲ့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ စုံတွဲလေးကို အားလုံးက ချီးကျူးရင်း အားပေးစကားတွေနဲ့အတူ နေကောင်းကျန်းမာကြစေဖို့ကိုလည်း မေတ္တာပို့ ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit - SEIN PHYO & YI YI's Fb Page
Photo Credit - SEIN PHYO & YI YI's Fb Page
Photo Credit - SEIN PHYO & YI YI's Fb Page
Photo Credit - SEIN PHYO & YI YI's Fb Page

သတင်း အရင်းအမြစ်SEIN PHYO & YI YI's Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T