ယနေ့မှာလည်း ထပ်မံကွယ်လွန် သွားခဲ့ပြန်ပြီဖြစ်တဲ့ Myanmar idol season (1)က အဆိုတော် ဇော်မင်းဦး

//s9.kh1.co/74/740c634aff83234b5722d253eccd24f8ef96c06e.jpg
အနုပညာရှင်များ

 ၂၉-လိုင်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော ကိုဗစ်တတိယလှိုင်းမှာ ကျွန်တော်တို့ ချစ်ခင်အားပေးခဲ့ရတဲ့ အနုပညာရှင်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြတာ တွေ့မြင်ရပါတယ်။ ယခုမှာလည်း Myanmar Ido အဆိုပြိုင်ပွဲတွေကို အားပေးကြည့်ရှုခဲ့တဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းစရာ သတင်းလေးတစ်ခုကို ကြားသိခဲ့ရပါတယ်။ ဒီသတင်းကတော့ Myanmar Ido Season (1)မှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အဆိုတော် ဇော်မင်းဦးဟာ ယနေ့ ဇူလိုင်လ(၂၉) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ကြောင်း အနုပညာမောင်နုမတွေရဲ့ ဖော်ပြချက်တွေရ သိပါတယ်။

Photo Credit - Zaw Min Oo
Photo Credit - Zaw Min Oo
Photo Credit - Zaw Min Oo
Photo Credit - Zaw Min Oo

အဆိုတော် ဇော်မင်းဦး ကွယ်လွန်သွားတာ ကြားသိရပေမယ့်လည်း ဘာရောဂါနဲ့ ကွယ်လွန်သွားတယ်ဆိုတာတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။ အဆိုတော် ဇော်မင်းဦးဟာ မန္တလေးမြို့မှာ နေထိုင်တာဖြစ်ပြီး Myanmar Ido Season (1)မှာ အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်ခဲ့ ပြိုင်ပွဲဝင် အဆိုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲအပြီးမှာ " ကိုယ်ကျင့်တရား" ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးလည်း ထွက်ရှိခဲ့ပါတယ်။

Photo Credit - Zaw Min Oo
Photo Credit - Zaw Min Oo

ယနေ့မှာတော့ ထူးချွန်တဲ့ Rock အဆိုတော် ဇော်မင်းဦး ကွယ်လွန်သွားခဲ့တာကြောင့် အားပေးခဲ့တဲ့ ပရိသတ်တွေနဲ့ ချစ်ခင်ရတဲ့ အနုပညာမောင်နုမတွေက များစွားစိတ်မကောင်းဖြစ်ပြီး ဆုတောင်းပေးကြတာ တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ Myanmarload ကလည်း အသံပါဝါကောင်းတဲ့ အဆိုတော် ဇော်မင်းဦး ကွယ်လွန်သွားခဲ့တာကြောင့် မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုကတိလားပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။

Photo Credit - Zaw Min Oo
Photo Credit - Zaw Min Oo
Photo Credit - Zaw Min Oo
Photo Credit - Zaw Min Oo
Photo Credit - Zaw Min Oo
Photo Credit - Zaw Min Oo

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T