သူမကိုယ်တိုင် PPE ဝတ်ပြီး ပြည်သူတွေရဲ့အသက်ကို မေတ္တာတရားအပြည့်နဲ့ ကူညီစောင့်ရှောက်ပေးနေတဲ့ မြစ်ကြီးနားသာသနာမှSister တစ်ဦး

//s9.kh1.co/42/426f1e0dd49fc08c94aac5b90bcf3c0d0058da29.jpeg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သူမကိုယ်တိုင် PPE ဝတ်ပြီး ပြည်သူတွေရဲ့အသက်ကို မေတ္တာတရားအပြည့်နဲ့ ကူညီစောင့်ရှောက်ပေးနေတဲ့ မြစ်ကြီးနားသာသနာမှSister တစ်ဦး

လက်ရှိမှာပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲတွေကို အစ္စလာမ်ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေကလည်း ကြည့်မနေရက်တော့ဘဲ ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။ဘုရားသားတော်တွေဖြစ်တဲ့ ဘုန်းဘုန်းတို့ကလည်း PPE တွေဝတ်ဆင်ပြီး ပြည်သူတွေရဲ့ဒုက္ခကို ဝိုင်းဝန်းဖြေရှင်းပေးနေကြတာဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာ တစ်မြေတည်းနေ၊တစ်ရေတည်းသောက်နေတဲ့ ပြည်သူအချင်းချင်းက ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီလိုမျိုးနေထိုင်ကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ မြစ်ကြီးနားသာသနာမှ Sr Ann Rosa Nu Tawng က ပြည်သူလူထုကိုမေတ္တာအပြည့်နဲ့ စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။Sister ကတော့ နွေဦးတော်လှန်ရေးအစကတည်းက ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပြီး အတူတူပါဝင်ပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် သူမက ပြည်သူတွေကို သနားငဲ့ညှာပေးဖို့အတွက် ဒူးထောက်တောင်းပန်ခဲ့တဲ့အပြင် ရှေ့ဆုံးကနေမားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ပုံရိပ်လေးတွေကလည်း ပြည်သူတွေရဲ့ရင်ကို လှုပ်ခတ်စေခဲ့ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ Sister က ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် တစ်တပ်တစ်အား အလေးထားဆောင်ရွက်နေတာဖြစ်ပါတယ်။သူမကိုယ်တိုင် PPE ဝတ်စုံ ဝတ်ဆင်ပြီး အများကောင်းကျိုးကို ရှေ့ရှုနေတာဖြစ်ပါတယ်။အခုလိုမျိုး မေတ္တာတရားပြည့်ဝတဲ့ Sister ရဲ့လုပ်ရပ်ကြောင့် ပြည်သူတွေကလည်း အရမ်းလေးစားနေကြတာဖြစ်ပါတယ်။တိုင်းပြည်နဲ့ပြည်သူအတွက် သူမတတ်နိုင်တဲ့အားလေးနဲ့ ပါဝင်ကူညီနေတဲ့ Sister ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T