အောက်ဆီဂျင်တွေထိုးကျပြီး ကွယ်လွန်သွားတဲ့ဖခင်ဖြစ်သူကို ပြုစုခွင့်မရလိုက်လို့ အဝေးနေရာကနေ ဖြေမဆည်နိုင်အောင်ဖြစ်နေတဲ့ ညီနန္ဒ

//s9.kh1.co/2f/2fb05a55af8a9d8a95355824c29aead08f6f879e.jpeg
အနုပညာရှင်များ

 ၃၀-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့တာကြောင့် ရှောင်တိမ်းနေရတဲ့ သရုပ်ဆောင်ညီနန္ဒကတော့ လက်ရှိမှာ ဖခင်ဖြစ်သူအတွက် ဝမ်းနည်းနေရပါတယ်..။

အခြေအနေတွေအရပ်ရပ်ကြောင့် မိသားစုတွေရဲ့ အဝေးတစ်နေရာကို ရောက်ရှိနေတဲ့အချိန် ဖခင်ဖြစ်သူဟာ အောက်ဆီဂျင်တွေထိုးကျပြီး ဇူလိုင်လ(၂၉)ရက် ည(၇)နာရီ (၃၁)မိနစ်အချိန်မှာ ဆုံးပါးကွယ်လွန်သွားတာ ဖြစ်ပါတယ်..။

https://s9.kh1.co/__image/w=650,h=822,q=100/e4/e4b21c710bf8074aceab73057a2ec7584af266fd.jpeg

ညီနန္ဒကတော့ ဖခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်လေးကို ဖုန်းထဲကနေသာ တွေ့မြင်ခဲ့ရပြီး အနားမှာ ပြုစုစောင့်ရှောက်ခွင့် မရလိုက်တာကြောင့် ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတာ ဖြစ်ပါတယ်..။

ဖခင်ကွယ်လွန်သွားတဲ့အကြောင်းကိုတော့ "29.7.21

Edit - အဖေ ည ၇:၃၁ မှာ ဆုံးသွားပြီ...

ကျွန်တော့အဖေ အခု အောက်ဆီဂျင် ၆၁...

အနားမှာပြုစုခွင့်မရတဲ့အဖြစ် ဆိုးတယ်ဗျာ...???.." ဆိုပြီး ယူကြုံးမရစွာ ပြောပြထားတာပါ..။

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

ဖခင်ဖြစ်သူအပေါ် စိတ်ကျေနပ်တဲ့အထိ ကျေးဇူးမဆပ်လိုက်ရလို့ ဝမ်းနည်းနေရတာတွေကို "စိတ်ချလက်ချသွားပါအဖေ...???

သား အမေ့ကိုအရင်ထက်ပိုပြီး ဂရုတစိုက်ပြုစုစောင့်ရှောက်မှာ သေချာပါတယ်...

???

အဖေ ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းပါစေ...???

အဖေ့အပေါ် သားစိတ်ကျေနပ်တဲ့အထိ ကျေးဇူးမဆပ်နိုင်ခဲ့ဘူး...???

ဒီလိုအဖြစ်ဆိုးတွေမရှိတဲ့ ငြိမ်းချမ်းတဲ့ဘဝတစ်ခုမှာ  သားအဖအဖြစ် ပြန်ဆုံခွင့်ရပါစေလို့ သားဆုတောင်းပါတယ်...???.." ဆိုပြီးတော့လည်း ကွယ်လွန်သွားတဲ့ဖခင် စိတ်ချစေဖို့ မိခင်ဖြစ်သူကို ဂရုတစိုက်စောင့်ရှောက်မယ့်အကြောင်း၊ ကတိစကားတွေနဲ့ မေတ္တာပို့ဆုတောင်းပေးထားပါသေးတယ်..။

မိတ်ဆွေသူငယ်ချင်းတွေနဲ့ အနုပညာရှင်ညီအစ်ကို မောင်နှမတွေကလည်း ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့အချိန် အနားမှာရှိမနေနိုင်ခဲ့လို့ ဝမ်းနည်းနေတဲ့ ညီနန္ဒကို စိတ်မကောင်းစွာ အားပေးစကားပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc
Photo Credit - Nyi Nanda's Fb Acc

သတင်း အရင်းအမြစ်Nyi Nanda's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T