မိဘနှစ်ပါးစလုံး ကပ်ရောဂါဆိုးကြီးအား အနိုင်တိုက်နိုင်ခဲ့တဲ့ အကြောင်းအရင်းကို ပြောပြလာခဲ့တဲ့ ထက်အောင်ရှိုင်း

//s9.kh1.co/07/0779557caeed0a2d3079a11ceef0e3eed4b10305.jpg
အနုပညာရှင်များ

 ၃၀-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီဖြစ်တဲ့ မော်လ်ဒယ် သရုပ်ဆောင် ထက်အောင်ရှိုင်းကိုတော့ ပရိသတ်တွေအားလုံး သိကြမယ်လို့ထင်ပါတယ်။ ထက်အောင်ရှိုင်းဟာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့အပြင် ဒီမိုကရေစီလှုပ်ရှားမှုတွေမှာလည်း အားတက်သရော ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် လတ်တလော ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်တတိယလှိုင်းမှာလည်း စားဝတ်နေရေးအခက်အခဲ ဖြစ်နေကြတဲ့ မိသားစုတွေအတွက် အလှူအတန်းတွေကို တတ်နိုင်သလောက် ပါဝင် လှူဒါန်းပေးတာလည်း တွေ့မြင်ခဲ့ရပါတယ်။

Photo Credit - Htet Aung Shine fb account
Photo Credit - Htet Aung Shine fb account
Photo Credit - Htet Aung Shine fb account
Photo Credit - Htet Aung Shine fb account

စိတ်မကောင်းစရာကတော့ လတ်တလောကူးစက်ပြန့်ပွားခဲ့တဲ့ ကိုဗစ်ရောဂါကို ထက်အောင်ရှိုင်း ရဲ့ မိဘနှစ်ပါးလည်း ကူးစက်ခံခဲ့ရပါတယ်။ မိဘနှစ်ပါးလုံးဟာ အောက်ဆီဂျင်ပေးရလောက်တဲ့အထိ တစ်ပတ်ကျော်လောက် ရောဂါခံစားခဲ့ရကြောင်း ကြားသိရပါတယ်။ယခုဆိုရင်တော့ ကပ်ရောဂါဆိုးကြီးကို ထက်အောင်ရှိုင်းရဲ့ မိဘနှစ်ပါးလုံးဟာ အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

Photo Credit - Htet Aung Shine fb account
Photo Credit - Htet Aung Shine fb account
Photo Credit - Htet Aung Shine fb account
Photo Credit - Htet Aung Shine fb account
Photo Credit - Htet Aung Shine fb account
Photo Credit - Htet Aung Shine fb account

မိဘနှစ်ပါးလုံး ကပ်ရောဂါဆိုးကြီးအား ကျော်ဖြတ်နိုင်ခဲ့တဲ့ အကြောင်းအရင်းတွေကို ဝမ်းသာစွာဖြင့် ချစ်တဲ့ပရိသတ်တွေကို အသိပေးဖော်ပြလာခဲ့ပါတယ်။ ယင်းနောက် ပရိသတ်တွေနဲ့ အနုပညာမောင်နုမတွေကလည်း ထက်အောင်ရှိုင်းနဲ့ ထပ်တူ ဝမ်းသာခဲ့ရပြီး အားပေးထားကြတာကိုလည်း တွေ့မြင်ရပါတယ်။ မိဘနှစ်ပါးလုံး ရောဂါဆိုးကြီးကို ဖြတ်ကျော်နိုင်ခဲ့လို့ ဝမ်းသားစွာ ပြောပြခဲ့တာကိုလည်း ပရိသတ်တွေ ဖတ်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Htet Aung Shine fb account
Photo Credit - Htet Aung Shine fb account

သတင်း အရင်းအမြစ်Source - Htet Aung Shine fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T