ရေကြီးရေလျှံမှုကြောင့် ရေနစ်သေဆုံးခဲ့ရတဲ့ ကရင်ပြည်နယ်က ကလေးငယ်လေးနှစ်ဦးရဲ့ ကြေကွဲစရာဖြစ်ရပ်

//s9.kh1.co/c1/c1004af95bd310030bc3d1de7044990e0f49af01.jpeg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

....

မြန်မာနိုင်ငံ တောင်တန်းဒေသ အချို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ရေကြီး ရေလျှံမှုတွေဖြစ်ပြီး ဒေသခံတွေခမျာ ရေဘေးကိုပါ ကြုံတွေ့ ခံစားနေကြရပါတယ် ။ တစ်ချို့နေရာတွေဆို လူနေအိမ်ခေါင်းမိုးတွေ အထိ နစ်မြုပ်သည်အထိ ဆိုးရွားနေတာတွေ့ရပါတယ် ။ ကိုဗစ်က တစ်မျိူး ရေဘေးကတစ်မျိုးနဲ့ ကပ်ဆိုးကြီး နှစ်ခုကို ပြိုင်တူ ရင်ဆိုင်နေကြရတာ စိတ်မကောင်းစရာပါပဲ ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

​ဒါ့အပြင် ရေဘေးကြောင့် အသက်ဆုံးရှုံးရတာတွေတောင် ရှိလာတာတွေ့ရပါတယ် ။ မနေ့ကဆိုရင် ကရင်ပြည်နယ် ၊လှိုင်းဘွဲ့မြို့နယ်ရှိ ကော့မြတ်ကြီး ကျေးရွာမှာ အဘွားဖြစ်သူနဲ့ အတူ နေထိုင်တဲ့ တစ်နှစ်အရွယ်နဲ့ လေးနှစ်အရွယ် ကလေးလေးနှစ်ယောက် ရေနစ်သေဆုံးသွားတဲ့ ပို့စ်တစ်ခုကိုတွေ့ရပါတယ် ။ အဖွားဖြစ်သူ စားစရာ ထွက်ဝယ်နေတုန်း ရေထဲ ပြုတ်ကျကာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြားကြပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အဖွားဖြစ်သူ အိမ်ပြန်ရောက်ချိန်မှာ ကလေးတွေ မတွေ့လို့ အနီးပတ်ဝန်းကျင်ကို ဝိုင်းရှာခိုင်းရာ အိမ်နောက်ဖေးမှာ နစ်မြုပ်သေဆုံးနေတာဖြစ်ပါတယ် ။မိဘဖြစ်သူကလည်း ထိုင်းဘက်မှာ အလုပ်သွားလုပ်နေတယ်လို့ သိရပြီး သားသမီးတွေ ဒီလို အဖြစ်ဆိုးနဲ့ သေဆုံးခဲ့တာကို သိရင် ဘယ်လောက်တောင် ကြေကွဲခံစားကြရမလည်း ။ပရိသတ်ကြီးအတွက် ကရင်ပြည်နယ်က ရေနစ်သေဆုံးသွားတဲ့ ကလေးငယ်လေးနှစ်ယောက်ရဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်လေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T