လက်နက်အပြည့်အစုံနဲ့စီးနင်းရှာဖွေမှုကြောင့် ထိတ်လန့်ပြီး အမောဖောက်ကာ ပျံလွန်တော်မူသွားတဲ့ ရွှေဝါဝင်းကျောင်းတိုက်ဆရာတော်ဘုရားကြီး

//s9.kh1.co/82/8270a8dcb0eceddcc3c0e772b03e8d1136fb946d.jpg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

လက်နက်အပြည့်အစုံနဲ့စီးနင်းရှာဖွေမှုကြောင့် ထိတ်လန့်ပြီး အမောဖောက်ကာ ပျံလွန်တော်မူသွားတဲ့ ရွှေဝါဝင်းကျောင်းတိုက်ဆရာတော်ဘုရားကြီး

Julyလ(29)ရက်နေ့ မနေ့ကတော့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မြတောင် ကျောင်းတိုက်ကို လက်နက်တွေနဲ့ ဝင်ရောက်စီးနင်းပြီး ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့ကြပါတယ်။မြတောင်ကျောင်းတိုက်အား ညနေ (၃)နာရီကျော်ကနေ ည(၇)နာရီခန့်အထိ တစ်ခန်းဝင် တစ်ခန်းထွက်ပိတ်ဆို့ရှာဖွေခဲ့တယ်လို့ သိရပြီး ကျောင်းတိုက်အတွင်းရှိ ပြည်သူ(၂)ဦးနဲ့ သံဃာ(၂)ဦး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ အဆိုပါဝင်ရောက်စီးနင်းရှာဖွေမှုတွေကြောင့် ကျောင်းတိုက်အတွင်းမှာ နေထိုင်နေတဲ့ ဆရာတော်တစ်ပါး ထိတ်လန့်ပြီး ပျံလွန်တော်မူသွားခဲ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဟာ ရွှေဝါဝင်းကျောင်းတိုက်ဆရာတော်ဘုရားကြီးဖြစ်သလို မြတောင်ကျောင်းတိုက်ရဲ့နာယကဆရာတော်ဘုရားကြီးလည်း ဖြစ်ပါတယ်။ရွှေဝါဝင်းကျောင်းတိုက်ဘုရားကြီးဟာ ကျန်းမာရေးမကောင်းသူဖြစ်ပြီး ဝင်ရောက်စီးနင်းမှုကြောင့် အခုလိုအမောဖောက်ကာ ကံကုန်တော်မူသွားခဲ့တာပဲ ဖြစ်ပါတယ်။ရွှေဝါဝင်းဆရာတော်ဘုရားကြီးရဲ့ရုပ်ကလာပ်ကို သံဃာတော်တွေနဲ့ ဒါယကာတွေက နောက်ဆုံးအကြိမ် ဦးချကန်တော့ခဲ့ကြပါတယ်။ ပြည်သူတွေကတော့ အခုလိုရုတ်တရက်ပျံလွန်တော်မူသွားတဲ့ ရွှေဝါဝင်းဆရာတော်ဘုရားကြီးအတွက် ဝမ်းနည်းကြေကွဲပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ရွှေဝါဝင်းဆရာတော်ဘုရားကြီးရဲ့ရုပ်ကလာပ်ကိုတော့ ညတွင်းချင်းမီးသဂြိုလ်လိုက်ပြီလို့လည်းသိရပါတယ်။ ဒါယကာတစ်ဦးကတော့ " မြတောင်က နာယက ဆရာတော်ဘုရားကြီးကျန်းမာရေးမကောင်းတဲ့အချိန်ကို ကျောင်းထဲဝင်မွှေပြီး ဟိုပစ္စည်းတွေသလိုလို ဒီပစ္စည်းတွေ့သလိုလိုနဲ့လန်ကြုတ်တွေလုပ်ပြီး နင်တို့ဖာသာထားတဲ့ပစ္စည်းတွေနဲ့ $ဇာတ်လမ်းတွေဆင်ပြီးပြော..အခုဆရာတော်ဘုရားကြီးအမောဖောက်ပြီး ပျံလွန်တော်မူသွားပြီ နင်တို့သတ်တာ မအေလိုးတွေ $ဒုက္ခတွေကို ပေးလို့မပြီးနိုင်တော့ဘူး "ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။ ပျံလွန်တော်မူသွားတဲ့ ရွှေဝါဝင်းဆရာတော်ဘုရားကြီးရဲ့ နောက်ဆုံးခရီးပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T