အမေချက်ပြီးထည့်ပေးလိုက်တဲ့ ဆန်ပြုတ်လေးကို လမ်းဘေးတစ်နေရာမှာထိုင်ပြီး အားရှိအောင် ဗိုက်ဖြည့်တင်းနေတဲ့ ပရဟိတသမားတစ်ဦး

//s9.kh1.co/07/07bfb9d9c701e194316d0bd5fe9599c636e11271.jpeg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အမေချက်ပြီးထည့်ပေးလိုက်တဲ့ ဆန်ပြုတ်လေးကို လမ်းဘေးတစ်နေရာမှာထိုင်ပြီး အားရှိအောင် ဗိုက်ဖြည့်တင်းနေတဲ့ ပရဟိတသမားတစ်ဦး

ကိုဗစ်တတိယလှိုင်းမှာ သေဆုံးသူတွေ တစ်နေ့ကို ရာချီရှိနေတာကြောင့် ပရဟိတအဖွဲ့တွေလည်း သုသာန်ကို မနားမနေ ပို့ဆောင်ပေးနေရတာဖြစ်ပါတယ်။သေဆုံးသူတွေများပြားလွန်းလို့ နာရေးကားတွေ၊Ambulance တွေတောင် မလောက်တော့တဲ့အခြေအနေပဲဖြစ်ပါတယ်။သုသာန်တွေမှာလည်း ပရဟိတသမားတွေက Dead Body ကို မီးသင်္ဂြိုလ်နိုင်ဖို့အတွက် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရသေးတာဖြစ်ပါတယ်။သေဆုံးသူတွေကိုခေါက်တုံ့ခေါက်ပြန် သယ်ဆောင်နေရတာကြောင့် ပရဟိတအဖွဲ့တွေလည်း အရမ်းပင်ပန်းနေကြပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုး စေတနာပြည့်ဝကြတဲ့ ပရဟိတအဖွဲ့တွေကို ပြည်သူလူထုကလည်း ကျေးဇူးတင်ကြပြီး သူတို့အဟာရပြည့်ဝဖို့အတွက် စားစရာတွေလည်း လှူဒါန်းကြပါတယ်။ပရဟိတအဖွဲ့တွေက တစ်နေကုန် မနားမနေလုပ်ဆောင်နေရတာကြောင့် အစားအသောက်တောင် ကြုံသလို သုံးဆောင်ရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဘိုစိန်လူမှုကူညီရေးအသင်း(ရန်ကုန်)မှ ပရဟိတသမားတစ်ဦးက ထမင်းတစ်နပ်အတွက် အဆင်ပြေသလိုလေးဖြည့်တင်းနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သူကတော့ သွားနာနေတာကြောင့် ထမင်းစားလို့မရဘဲ ပျော့တဲ့အစားအစာလေးတွေသာစားနိုင်တာဖြစ်ပါတယ်။ဒါ့ကြောင့် သူ့ရဲ့မိခင်က ဆန်ပြုတ်လေးချက်ပြီး ထမင်းချိုင့်လေးနဲ့ထည့်ပေးလိုက်တာဖြစ်ပါတယ်။အဲ့ဒီပရဟိတသမားကလည်း မိခင်ချက်ပေးလိုက်တဲ့ ဆန်ပြုတ်ကို နတ်သုဒ္ဓါနဲ့တောင်မလဲနိုင်ဘူး ဆိုပြီး လမ်းဘေးတစ်နေရာမှာ စားသောက်နေတာဖြစ်ပါတယ်။အခုလိုမျိုး အများအကျိုးအတွက်ဆို အနစ်နာခံကူညီတတ်တဲ့ ပရဟတိသမားတစ်ဦးရဲ့ အဟာရဖြည့်တင်းနေတဲ့ပုံရိပ်လေးကို လေးစားစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T