ထမင်းဗူးတွေ လိုက်ဝေရင်း စိတ်မကောင်းစရာအဖြစ်နဲ့ ကြုံခဲ့ရပုံကို ပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/56/56734228f1737f7ec520fdfe4ea3e9a191b4f2f2.jpeg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

....

အကြောင်းတရား မျိုးစုံကြောင့် အခြေအနေဆိုးတွေကို အချိန်အတော်ကြာ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူ ပြည်သားတွေအဖို့ အဆင်မပြေမှုတွေလည်း ပိုပိုပြီး ကြုံတွေ့လာကြရပါတယ် ။ နေ့စဉ်တိုင်း ကိုဗစ်ကြောင့် သေဆုံးသူတွေ ၊ နိုင်ငံရေးအတွက် တိုက်ပွဲဝင်ရင်း သေဆုံးကြတာတွေ ဖမ်းဆီးခံရတာတွေ စတဲ့ စိတ်မကောင်းစရာ သတင်းတွေက မမြင်ချင် မကြားချင် ရလောက်အောင်ပါပဲ ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီလိုအချိန်တွေမှာ စီးပွားရေးတွေလည်း ရပ်နားထားရလို့ စားဝတ်နေရေး ခက်ခဲနေကြတာတွေလည်း မနည်းပါဘူး ။ ဒီလို အခက်အခဲတွေ အားလုံးကို ပြည်သူအချင်းချင်းပဲ စာနာစိတ်နဲ့ ကူညီဖြေရှင်းပေးနေကြတာပါ ။ အခုလည်း စေတနာအလှူရှင် တစ်ယောက်က အောက်ဆီဂျင် တန်းစီးတဲ့နေရာက ပြည်သူတွေကို နေ့လယ်စာ ထမင်းဗူးများ လိုက်ဝေငှရင်း စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခုကို ရေးသားဖော်ပြလာပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

ဒီလိုဝေရင်း ထမင်းမစားရသေးလို့ဆိုပြီး အလုအယက် တောင်းခံနေကြတဲ့သူတွေ များစွာကို တွေ့ရတယ်လို့လည်း ရေးသားထားပါတယ် ။ တချို့ဆို ကားပေါ်မှာ ထမင်းဗူးတွေ့တာနဲ့ပြေးလွှားရောက်လာကြကြောင်းကို " အမကို တဗူးလောက်ပေးပါ....ဦးလေးကို တဗူးလောက်ပေးပါ.....အန်တီ ဘာမှ မစားရသေးလို့ပါနဲ့... အတင်းမရလိုက်မှာဆိုးလို့ လုယက်ပြီးတောင်းနေကြတာ တချို့ဆိုကားပေါ်မှာ ထမင်းဗူးတွေ့တာနဲ့ ဗိုက်ဆာနေလို့ လိုချင်လို့ ဆိုပြီး ကားနောက်က လိုက်လာကြတာ.... နေပူပူထဲက ဒီ လူတွေက ငါ့မိသားစု ဝင် သာဆိုရင်ဆိုတဲ့ အတွေးနဲ့ တကယ် စိတ်ထဲ မကောင်းဖြစ်ပြီး ပြန်လာခဲ့ရတယ် လူအရေအတွက်များလွန်းလို့ မလောက်ငှ ခဲ့ပါဘူး...." ရေးသားဝေမျှထားရာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဒီအလှူပုံရိပ်တွေကို ဝေမျှပေးရင်း ပြည်သူအားလုံး ခုလို အကျပ်အတည်းကာလကြီးကနေ အမြန်လွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T