၆တန်းကျောင်းသားလေးဖြစ်ပေမယ့် အရွယ်နဲ့မလိုက်အောင် ပရဟိတအလုပ်တွေကိုနေ့စဉ်ရက်ဆက်လုပ်ကိုင်နေတဲ့ စေတနာ့၀န်ထမ်းလေးတစ်ဦး

//s9.kh1.co/2f/2f0010e55460c3d751a2e59222cd17f802ad77a1.jpg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမှာ Covid 19တတိယလှိုင်း ကူးစက်မှုတွေကြောင့် မြန်မာပြည်အတွင်း သေဆုံးသူလူနာများ တစ်နေ့ပြီးတစ်နေ့ ပိုမို များပြားလာနေပြီ ဖြစ်ပါတယ်။ အခုလို ကိုဗစ်လူနာတွေအတွက် ရှေ့တန်းကနေကူညီပေးနေကြတဲ့သူတွေကတော့ ပရဟိတအဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။ ပရဟိတလူငယ်လေးတွေဟာ ကိုယ့်အတွက်ကိုယ်တောင်မငဲ့ပဲ ကိုဗစ်လူနာတွေကို ကူညီကယ်တင်ပေးနေကြတာကို ပရိသတ်တွေလည်း မြင်ကြမယ်ထင်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်ကူညီပေးနေကြတဲ့သူတွေထဲမှာ သံဃာတော်တွေလည်းပါ၀င်ကြသလို ခရစ်ယာန်သာသနာပြု sister ကြီးတွေအထိပါ၀င်ကူညီနေကြတာကိုတွေ့ရပါတယ်။ အခုလိုကူညီပေးနေကြတဲ့သူတွေထဲမှာ အသက်၁၄နှစ်အရွယ် ဆဌမတန်းကျောင်းသားလေးဖြစ်တဲ့ မောင်ထွန်းလင်းနိုင်ကတော့ အသက်အငယ်ဆုံးစေတနာ့၀န်ထမ်းလေးပဲဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

မောင်ထွန်းလင်းနိုင်ဟာ အရှေ့ဒဂုံမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တခုတွင် နေထိုင်သူဖြစ်ပြီး မိဘများမှာကျပန်းအလုပ် လုပ်ကိုင်ကြကာ မောင်နှမလေးယောက်အနက် အကြီးဆုံးဖြစ်ပါတယ်။ မောင်ထွန်းလင်းနိုင်ဟာ ပရဟိတလူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် စိတ်အားတက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် မေတ္တာသဂ်ဟအသင်း၏ အသက်ငယ်ဆုံး စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်လာခဲ့တယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T