အဆုတ်ရော အသည်းပါမကောင်းပေမယ့် ကိုဗစ်ကို ဘယ်လိုနည်းနဲ့အနိုင်ယူခဲ့လဲဆိုတာကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖွင့်ဟလာတဲ့ (၈၂)နှစ်အရွယ် အဘိုးတစ်ဦး

//s9.kh1.co/de/de1f93bcb4c65206ea263f5039d9b7b24bc6515c.jpeg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အဆုတ်ရော အသည်းပါမကောင်းပေမယ့် ကိုဗစ်ကို ဘယ်လိုနည်းနဲ့အနိုင်ယူခဲ့လဲဆိုတာကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖွင့်ဟလာတဲ့ (၈၂)နှစ်အရွယ် အဘိုးတစ်ဦး

လတ်တလောမှာတော့ ပြည်သူလူထုက ကိုဗစ်ကူးစက်ရောဂါခံစားနေရတဲ့လူနာတွေကို စိတ်ဓာတ်မကျဖို့ အားပေးစကားလေးတွေပြောပေးနေကြတာဖြစ်ပါတယ်။ဒါ့အပြင် လူနာတွေလိုအပ်မယ့် ဆေးပစ္စည်းတွေကိုလည်းတတ်နိုင်သလောက် အလှူဒါနပြုနေတာတွေလည်းရှိပါတယ်။ကိုဗစ်ကူးစက်ရောဂါ တစ်မိသားစုလုံးဖြစ်ပွါးခဲ့ရင်လည်း စားစရာနဲ့ဆေးတွေကို နီးစပ်ရာပြည်သူတွေက သွားရောက်ပို့ဆောင်ပေးနေကြတာဖြစ်ပါတယ်။

Photo Credit:ကိုဗစ်-၁၉ ဗဟုသုတစင်တာ
Photo Credit:ကိုဗစ်-၁၉ ဗဟုသုတစင်တာ
Photo Credit:World Health Organization
Photo Credit:World Health Organization

ကိုဗစ်ကူးစက်ခံလိုက်ရပေမယ့် စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရင်ဆိုင်ခဲ့သူတွေကတော့ ပြန်လည်ကောင်းမွန်လာတာကိုကြားသိရပါတယ်။အခုဆိုရင်လည်း အသက် (၈၂)နှစ်အရွယ်ရှိတဲ့ အဘိုးတစ်ဦးက ကိုဗစ်ကို ရင်ဆိုင်တိုက်ထုတ်လိုက်နိုင်ပြီဖြစ်ပါတယ်။အဘိုးက အသည်းလည်းမကောင်းသလို အဆုတ်လည်းမကောင်းတဲ့အပြင် စီပိုးလည်းရှိနေတယ်လို့သိရပါတယ်။အဘိုးရဲ့မိသားစုဝင်တွေကတော့ စနစ်တကျနဲ့သေချာစောင့်ရှောက်ပေးပြီး အစစအရာရာဂရုစိုက်ပေးတာဖြစ်ပါတယ်။

Photo Credit:ကိုဗစ်-၁၉ ဗဟုသုတစင်တာ
Photo Credit:ကိုဗစ်-၁၉ ဗဟုသုတစင်တာ

အဘိုးကတော့ မိသားစုဝင်တွေလုပ်ခိုင်းတဲ့ အသက်ရှူလေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ဆောင်ပြီး အာဟာရပြည့်ဝအောင်စားသောက်နေထိုင်တာဖြစ်ပါတယ်။အောက်ဆီဂျင်တော့ စိတ်ဓာတ်ကျမှာစိုးလို့ မတိုင်းပဲနေတယ်လို့သိရပါတယ်။အဘိုးကတော့ ကိုဗစ်ကို အနိုင်ယူရမယ့် နည်းလမ်းက စိတ်ဓာတ်ဖြစ်ကြောင်းကို လက်တွေ့ကျင့်သုံးခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး ရောဂါအခံတွေရှိတာတောင် ပြန်လည်သက်သာလာတဲ့ အဘိုးအတွက် ဝမ်းသာမိလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T