တောင်ဒဂုံမြို့ (၅၄)ရပ်ကွက်က ကလေးငယ်လေးတွေအတွက် မုန့်ပဲသရေစာများကို တစ်အိမ်ဆင်း တစ်အိမ်တက် ဝေငှလှူဒါန်းပေးနေတဲ့ ဆရာတော်များ

//s9.kh1.co/e1/e1718ed4371010887914af3b01026b7df9dd73b8.jpeg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

ရဟန်းသံဃာတော်တွေကတော့ ပြည်သူတွေ အရေးကြုံလာတိုင်း အဘက်ဘက်ကနေ တတ်နိုင်သ​လောက် ပါဝင်အားဖြည့်ပေးနေကြတာကို တွေ့ရပါတယ် ။ နိုင်ငံရေးအခြေအနေတွေမှာလည်း ရှေ့ဆုံးကနေ ပြည်သူတွေနဲ့ အတူ လမ်းပေါ်ထွက်ကာ တစ်သားတည်း ရပ်တည်ခဲ့ကြပါတယ် ။ အခုလို ကိုဗစ်ရောဂါတွေ ဖြစ်ပွားချိန်မှာလည်း ပြည်သူတွေရဲ့ ဒုက္ခတွေကို မကြည့်ရက်လို့ ကူညီမှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

အောက်ဆီဂျင် အိုးတွေ ဝယ်ယူကာ လှူဒါန်းပေးနေသလို ၊ သင်္ကန်းဝတ်နဲ့တောင် PPE ကို ပူလောင်စွာ ဝတ်ဆင်ပြီး နေ့မအား ညမအား ပရဟိတ အလုပ်တွေကို ကူညီလုပ်ဆောင်ပေးနေကြတာပါ ။ ဒါ့အပြင် စားဝတ်နေရေး အဆင်မပြေ ဖြစ်နေတဲ့ ပြည်သူတွေ အတွက်လည်း စားနပ်ရိက္ခာ များကို ထောက်ပံ့ လှူဒါန်းပေးနေတာကိုလည်း ကြည်နူး ပီတိဖြစ်ရလောက်အောင် တွေ့ရပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader

အခုလည်း တောင်ဒဂုံမြို့ (၅၄)ရပ်ကွက်က အိမ်တွေမှာရှိတဲ့ ကလေးငယ်လေးတွေကို မုန့်ပဲသရေစာများ သွားရောက်လှူဒါန်းပေးနေတာကို တွေ့ရပါတယ် ။ နေပူပူထဲ လမ်းလျှောက်ကာ တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်လံ ဝေငှပေးနေတဲ့ ရဟန်းသံဃာတော်တွေရဲ့ ပုံရိပ်တွေက ပြည်သူတွေ ရင်ကို ထိမှန်စေခဲ့ပါတယ် ။ တကယ်ကို ဘုရားသားတော် အစစ်လို့တောင် ပြည်သူတွေက ချီးကျူးခဲ့ကြပါတယ် ။ ပရိသတ်ကြီးအတွက် ဆရာတော်ဘုရားတွေရဲ့ အလှူပုံတွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit : Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T