ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူအချို့အတွက် ထမင်းဘူး ၁၀၀တိတိ ဆက်သွယ်လှူဒါန်းပေးခဲ့တဲ့ ကိုရီးယားမင်းသား Lee Seo Ho

//s9.kh1.co/b8/b8ea983198ee30521b861c3eb612adb049d28a21.jpg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

တောင်ကိုရီးယားနိုင်ငံကတော့ မြန်မာနိုင်ငံက ပြည်သူတွေကို ရရာနည်းလမ်းနဲ့ အစွမ်းကုန် အားပေးကူညီနေကြတာ ဖြစ်ပါတယ်။ သူတို့က မြန်မာပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေကို စာနာနားလည်ပေးတဲ့အပြင် လူထုလှုပ်ရှားမှုတွေမှာပါ တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေးနေတာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက Model ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Lee Seo Ho ကလည်း မြန်မာ့အရေးမှာ ကူညီနေသူတစ်ဦး ဖြစ်ပါတယ်။

Photo credit-Lee Seo Ho's Facebook page
Photo credit-Lee Seo Ho's Facebook page
Photo credit-Lee Seo Ho's Facebook page
Photo credit-Lee Seo Ho's Facebook page

Lee Seo Ho က တောင်ကိုရီးယားရောက် မြန်မာတွေပြုလုပ်တဲ့ လူထုလှုပ်ရှားမှုတွေမှာ သူကိုယ်တိုင် ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ပေးသလို Social Media ကတစ်ဆင့် မြန်မာ့အရေးအတွက် တက်တက်ကြွကြွ လှုပ်ရှားပေးနေတာလည်းတွေ့ရပြီး မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို တတ်နိုင်သရွေ့ကူညီပေးနေတာလည်း ဖြစ်ပါတယ်။

Photo credit-Lee Seo Ho's Facebook page
Photo credit-Lee Seo Ho's Facebook page
Photo credit-Lee Seo Ho's Facebook page
Photo credit-Lee Seo Ho's Facebook page

အခုအခါမှာလည်း Lee Seo Hoဟာ စား၀တ်နေရေးကြပ်တည်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့ လမ်းထွက်ကာ ပရဟိတအလုပ်တွေကူညီပေးနေကြတဲ့သူတွေအတွက် ထမင်းဘူး ၁၀၀တိတိလှူဒါန်းပေးခဲ့ဝာာဖြစ်ပါတယ်။ သူဟာ အလှူရှင်တစ်ဦးကို လာရောက်ဆက်သွယ်ခဲ့ကာ ကူညီပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-May Nwe Htun's Facebook acc
Photo credit-May Nwe Htun's Facebook acc

သတင်း အရင်းအမြစ်May Nwe Htun's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T