တစ်ယောက်ထဲဘဝကို ခက်ခဲစွာရုန်းကန်နေရတဲ့ အဘိုးအိုကိုသနားလို့ဆိုပြီး အစားအသောက်နဲ့ ဆေးဝါးများ သွားရောက်လှူဒါန်းပေးခဲ့တဲ့ လူငယ်တစ်စု

//s9.kh1.co/6e/6e38ded0c13755f8acba8ed92bbec8cdbf6ecd74.jpg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော ပြည်သူတွေဟာ နိုင်ငံရေးအခြေအနေတွေနဲ့ တစ်ကျော့ပြန် ဖြစ်ပွားလာခဲ့တဲ့ ကိုဗစ်ရောဂါကြောင့် စားဝတ်နေရေးအတွက် ပိုမို ရုန်းကန်နေရရှာပါတယ်။ တချို့မှာဆိုရင် နေမကောင်းဖြစ်ပြီး ဆေးဝါးကုသဖို့တောင် မရှိကြလို့ အသက်သေဆုံးသွားကြတာကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတယ်။ ဒီလို အခက်ကြုံနေရတဲ့ ပြည်သူတွေအတွက် စေတနာရှင်များက လိုအပ်တာလေးတွေကို စုပေါင်းပြီး ကူညီထောက်ပံ့ လှူဒါန်းပေးကြတာ တွေ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုနောက်ပိုင်းမှာ တစ်အိမ်လုံး နေမကောင်းဖြစ်နေတဲ့သူတွေနဲ့ အလုပ်အကိုင်မရှိလို့ စားဝတ်နေရေးအခက်အခဲ ဖြစ်နေ့ကြတဲ့ သူတွေအတွက် ရည်ရွယ်ပြီး အလံဖြူ၊အလံဝါ စတဲ့ ကမ်ပိန်းလေးကို စတင်အသုံးပြုလာခဲ့တာ တွေ့မြင်ရပါတယ်။ ဒီလို အလံလေးတွေကို အသုံးပြုလာတဲ့ ပြည်သူတွေအတွက် အကြပ်အတည်းတွေ ဖြစ်နေတဲ့ကြားကနေ စေတနာရှင်များက စားသောက်စရာတွေနဲ့ ဆေးဝါးတွေကို တတ်နိုင်သလောက် လှူဒါန်းပေးကြတာ တွေ့ရပါတယ်။ ယခုမှာလည်း လူငယ်တချို့ရဲ့ ကြည်နူးစရာကောင်းတဲ့ အလှူလေးတစ်ခုကို လူမှုကွန်ယက်မှာ ထပ်မံတွေ့လာရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒါကတော့ တစ်ယောက်ထဲ ဘဝကိုရုန်းကန်နေရတဲ့ အဘိုးအိုတစ်ဦးဟာ စားသောက်ရေးအတွက် အခက်အခဲဖြစ်နေတာကြောင့် သနားလို့ဆိုပြီ မြောက်ဥက္ကလာပက စေတနာရှင်လူငယ်များက စားစရာများနှင့်ဆေးဝါးများကို သွားရောက် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ အဘိုးအိုရဲ့ နာမည်ကတော့ ဦးအုန်းမြင့်ဖြစ်ပြီ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ သမတန်းအရှေ့၊ အ .လ.က (၇)ကျောင်းရှေ့မှာ နေထိုင်တယ်လို့ သိရပါတယ်။ ပရိသတ်တွေလည်း အဆိုပါ တစ်ဦးတည်းနေထိုင်တဲ့ အဘိုးအိုကိုတတ်နိုင်သလောက် ကူညီလှူဒါန်းပေးလို့ရအောင် ပြန်လည်း ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T