အရမ်းဘုန်းတန်ခိုးကြီးမားတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနဲ့ ပတ်သက်တဲ့ ထူးခြားဖြစ်ရပ်တွေကို ပြောပြလာတဲ့ ဒါယကာတစ်ဦး

//s9.kh1.co/d2/d2386727f3e60853e2ed1a4a251de385658e86a5.jpg
နေ့စဉ်သတင်းများ

 ၃၀-လိုင်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အရမ်းဘုန်းတန်ခိုးကြီးမားတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနဲ့ ပတ်သက်တဲ့ ထူးခြားဖြစ်ရပ်တွေကို ပြောပြလာတဲ့ ဒါယကာတစ်ဦး

ပြီးခဲ့တဲ့ရက်ပိုင်းက မဟာမြိုင်က မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ဆွမ်းခံကြွတော်မူခဲ့ပြီး နှစ်ပေါင်းအတော်ကြာမှ အခုလိုဆွမ်းခံထွက်တော်မူခဲ့တာဖြစ်ပါတယ်။ သပိတ်ပိုက်ပြီး ဆွမ်းခံထွက်လာတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို ပြည်သူအများအပြားက လာရောက်ဖူးမျှော်ခဲ့ကြပါတယ်။ လူ့လောကကြီး သောကမီးဝိုင်း၊ကပ်ဘေးတွေဆိုက်နေချိန် ဘုန်းတန်ခိုးကြီးမားတဲ့ ဆရာတော်ဘုရားကြီးတွေ အခုလို သပိတ်ပိုက်ပြီး ဆွမ်းခံထွက်လာတာကြောင့် ကပ်ရောဂါဆိုးကြီး မကြာခင်ငြိမ်ဝပ်တော့မှာဖြစ်ကြောင်း ​ပြည်သူတွေက ပြောဆိုနေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ ဒါယကာတစ်ဦးက ဘုန်းတန်ခိုးကြီးမားတဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးနဲ့ ပတ်သက်တဲ့ ထူးခြားဖြစ်ရပ်တွေကို ပြောပြလာခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးဟာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊မိုင်းပျဉ်းမြို့အနီး၊သု၀ဏ္ဏသျံ တောင်ပေါ်မှာ သီတင်းသုံးခဲ့စဉ်က သု၀ဏ္ဏသျံတောင်ပေါ်မှ ပလောင်တိုင်းရင်းသားရွာအထိ နေ့စဉ်ဆွမ်းခံကြွတော်မူခဲ့ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့သွားလျှင် သု၀ဏ္ဏသျံတောင်ပေါ်မှ ပလောင်တိုင်းရင်းသားရွာအထိ အသွားအပြန်(၆)နာရီကျော်ကြာမြင့်သော်လည်း မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကတော့ ပုံမှန် (၁၀း၃၀)နာရီတွင် တောင်ပေါ်မှ ဆွမ်းခံစကြွချီပြီး (၁၁)နာရီထိုးတာနဲ့ တောင်ပေါ်သို့ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါထူးခြားဖြစ်ရပ်အပြင် တစ်ခြားသောဖြစ်ရပ်တစ်ခုကြောင့်လည်း မဟာဗောဓိမြိုင်ဆရာတော်ကြီးကို အနီးနားရှိ ပလောင်လူမျိုးများက ကြည်ညိုလေးစားသွားခဲ့ရပါတယ်။ ရေစီးအရမ်းသန်လို့ ကျွဲတွေတောင် ရေမကူးရဲသလို ကူးတဲ့လူတိုင်းလည်းအသက်မရှင်တဲ့ ချောင်းကို ဆရာတော်ဘုရားကြီးက ဖြတ်ကူးသွားတာဖြစ်ပြီး ဖြတ်ကူးသွားပုံကို တစ်ရွာလုံးက မျက်စိနဲ့ကိုယ်တိုင်မြင်တွေ့ခဲ့ရကာ အခုလိုကြည်ညိုသွားခဲ့တာဖြစ်ပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ အဆိုပါအချိန်မှစပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊မိုင်းပျဉ်းမြို့အနီး သု၀ဏ္ဏသျံတောင်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာဖြစ်ကာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ အခုလိုပြန်လည်ထွက်ပေါ်လာပြီး ဆွမ်းခံထွက်တော်မူခဲ့တာဖြစ်ပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T